5

14.9K 1.5K 69
                                    

Unicode

"လာပါ ငါလမ်းထိပ်တပတ် လမ်းလျှောက်ချင်လို့  ၊ ငါ့တူကလဲ ကိုယ့်အဒေါ်ကို ဒါလေးတောင်အဖော်မလုပ်ပေးချင်ဘူးလား "

"မနက်ဘက်လမ်းလျှောက်ချင်ရင်လဲ စောစောထလေ ၊ အခုဘယ်အချိန်ရှိနေပြီလဲ အပျင်းကကြီးနေပြီး ဒါကြောင့်လဲ အပျိုကြီးဖြစ်နေတာ "

"ဝမ်ရိပေါ် ..ကောင်စုတ်လေး
လိုက်ဆိုလိုက်ခဲ့ "

ဝမ်မေလိက ရိပေါ်ရဲ့လက်မောင်းကြီးကိုအတင်းဆွဲလို့ ခြံထဲဆင်းလာခဲ့တယ်။ ခြံက ပန်းပင်တွေနဲ့ခြုံတန်းလေးတွေကို လျှောက်လမ်းပုံစံ အလှဆင်ထားတယ်။ လူစကားပြောသံလိုလိုကြားတာမို့ နှစ်ယောက်သားနားစွင့်လိုက်တယ်။

"ချစ်ဖို့ကောင်းတယ် မင်းက "

"လိမ်မာလိုက်တာ "

မြောင် ~~~~

"ငါ့နာမည်ကရှောင်းကျန့် မင်းကရော "

မြောင် မြောင် ~~~~~

"အာ.. မင်းမှာနာမည်မရှိဘူးလား
ငါမင်းကိုဘယ်လိုနာမည်ပေးရမလဲ
ဒါနဲ့မင်းက အထီးလားအမလား "

ရှောင်းကျန့်က သူနဲ့တူတဲ့ကြောင်ဝတုတ်တကောင်ရှေ့ ငုတ်တုတ်ထိုင်ပြီး သူ့လက်ထဲကမုန့်ကို ကျွေးနေတာ ။ ကြောင်ခြေထောက်ကိုမ့ပြီးအောက်ကို ငုံ့ကြည့်နေပုံက ရယ်ရတာကြောင့် ဝမ်မေလိက အသံမထွက်မိအောင်ပါးစပ်ကိုလက်နဲ့အုပ်လိုက်တယ်။ ဝမ်ရိပေါ်ကတော့ ရုပ်တည်နဲ့ပဲ ရှောင်းကျန့်ကို စူးစိုက်ပြီးကြည့်နေတယ်။

"အိုး အမ့လေးပဲ ငါမင်းကိုခေါ်မွေးထားချင်ပေမဲ့ ဘယ်လိုလုပ်မလဲ ၊ ငါတောင်သူများအိမ်ကပ်နေရတာ "

ရှောင်းကျန့်က ကြောင်မရဲ့ကိုယ်ကိုပွတ်သပ်ပေးရင်းပြောတယ်။

"စားပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်တော့
နောက်လျောက်မလည်နဲ့ ကြားလား "

ကြောင်က သူပြောတာ နားလည်မှာကျလို့ ။ ကြောင်နဲ့စကားပြောနေတဲ့ ရှောင်းကျန့်ကိုကြည့်ပြီး ဝမ်မေလိက ရိပေါ်ကို စိတ်ချင်းဆက်သွယ်လို့စကားပြောတယ်။

[သူက ...အင်း နည်းနည်းတော့ ထူးဆန်းပေမဲ့ ချစ်တော့ချစ်စရာလေးနော် ]

My Ugly Omega Mate (Completed)Tempat cerita menjadi hidup. Temukan sekarang