Final

22.6K 1.5K 76
                                    

Unicode

4နှစ်ခန့်ကြာသော် .....

"အမြွှာနှစ်ကောင် ! "

"ရိရှောင်း !!! ရိကျန့် !!!! ဘယ်မှာလဲ
ပါးပါးစီလာဦး "

"အမြွှာနှစ်ကောင်ကအရမ်းဆော့တာပဲ
တကယ်ထိန်းမနိုင်တော့ဘူး
ဝမ်ရိပေါ် အဲ့ဒါ မင်းငယ်ငယ်ကနဲ့ တူတာမလား။ဒီကလေးတွေကိုကြည့်တာနဲ့ မင်းပိစိဘဝကဘယ်လောက်မျောက်ရှုံးအောင်ဆော့ခဲ့မလဲ သိနိုင်တယ်"

"ဒီလိုပြောလို့ရကြေးလားဗျ ကလေးတွေက ဂျစ်တူးငယ်ငယ်ကနဲ့တူနေတာမဟုတ်ဘူးလား "

"ငါငယ်ငယ်က ငြိမ်တယ်ကွ "

" ဂျစ်တူးက ငြိမ်တယ် ?? ဟဟပဲရမယ်။ ခဗျား ငယ်ငယ်က တိုက်ခန်းတွေရဲ့တံခါးတွေ အိမ်ပေါက်စေ့လိုက်ခေါက်ပြီး အိမ်ရှင်ထွက်လာရင် တန်းနေအောင်ပြေးတာ‌ဆို။ အိမ်နီးနားချင်းတွေက ဝိုင်းတိုင်လို့ အမေဆူတာခံရသေးတယ်ဆို ၊ အဲ့ဒါ ဘယ်သူပါလိမ့် "

"ဟင် ! မင်း...မင်းကို ဒါတွေဘယ်သူပြောပြတာလဲ"

"ခဗျားရဲ့ချစ်လှစွာသော ငယ်သူငယ်ချင်းကြီးယွီပင်း ဖောက်သည်ချသွားတာ ...ဟားဟား ဒါတောင် ဂေါ်လီလိမ်ရိုက်တာတွေ ၊ ပျံတာမြန်လှပါတယ်ဆိုတဲ့ စာကလေးကိုတောင် စက်ဘီးနဲ့တက်ကြိတ်မိတာတွေ ၊ သူများခြံက သရက်သီးခိုးခူးတာတွေ၊ ရေမဆေးပဲ ညစ်တီးညစ်ပတ်ဒီတိုင်းစားလို့ ပါးစပ် သရက်သီးအစေးလောင်ပြီး ငိုရတာတွေ မပြောသေးဘူး။ သေချာတယ် ကလေးတွေက ခဗျားနဲ့တူလို့ အဆော့သန်တာ "

ရှောင်းကျန့်က ငယ်ကျိုးငယ်နာ အဖော်ခံရ၍တင်းသွားတယ်။

"ဝမ်ရိပေါ် !!! မရယ်နဲ့ မရယ်နဲ့ ကောင်စုတ်လေး"

‌ရိပေါ်ရဲ့ပါးစပ်ကိုအတင်းလိုက်ပိတ်နေတဲ့ ချစ်စရာအိုမိဂါပုစိလေးကို အသာပွေ့ချီလိုက်တယ်။ မျက်ဝန်းချင်းဆုံသွားတဲ့ခဏ နဖူးလေးကိုနမ်းရှိုက်လိုက်တယ်။ချစ်ကြည်နူးနေချိန်မှာပဲ မျောက်နှစ်ကောင် (မှားလို့ ) အမြွှာနှစ်ကောင်က လေပွေလို လုံးတုံးလုံးတုံးနဲ့ ရောက်ရှိလာတယ်။ လက်မှာလဲ ကျန်ကျောင်းဓားကိုယ်စီနဲ့။

"ပါးပါးဝမ် သားတို့ပါးပါးကို မထိနဲ့ "

"အခုချ အခုချပေး "

My Ugly Omega Mate (Completed)Where stories live. Discover now