19

13.7K 1.3K 29
                                    

Unicode

"အစ်မ ဒါလေးတွေ အကြမ်းစစ်ပြီးပြီ။ အရောင်ထွက်လဲအဆင်‌ပြေတယ်။အစ်မတချက်ပြန်ကြည့်ပြီးရင် အချောပြန်ထုတ်ပေးပါလား"

"စားပွဲမှာတင်ထားခဲ့နော် မောင်လေး "

ရှောင်းကျန့်က Leo Wang ရဲ့ သားမက်လေးဖြစ်ပေမဲ့ လုပ်ငန်းခွင်ထဲမှာ အာဏာလဲမပြတတ်သလို အလုပ်လဲမခိုတတ်ဘူး ။ဒါကြောင့် သူတို့ department ကလူတွေအားလုံးက ရှောင်းကျန့်ကိုချစ်ကြတယ်။ တခါတလေဆိုရှောင်းကျန့်က အားလုံးနဲ့စကားလာပြော မုန့်အတူစားတတ်ပေမဲ့ ဝမ်ရိပေါ်က သူ့အနားက ခဏပျောက်သွားရင်တောင်မကြိုက်တာကြောင့် ရုံးခန်းမှာပဲနေဖြစ်ရတာများတယ်။

ဝမ်ရိပေါ်ရဲ့ရုံးခန်းရှိရာအထပ်ကိုပြန်မသွားခင်မှာပဲ လက်ဆေးချင်စိတ်ဖြစ်တာကြောင့် အများသုံး သန့်စင်ခန်းထဲဝင်သွားလိုက်တယ်။Shower Gel အနည်းငယ်ကိုခံယူလိုက်ပြီး လက်ကိုသေချာဆေးလိုက်တယ်။

ဒီရက်ပိုင်း ရိပေါ်နဲ့ သိပ်စကားမပြောပဲ ရှောင်နေခဲ့ကာအလုပ်ကိုပဲ ဖိလုပ်နေမိတယ်။ သူကတော့ ဘာမှ့မပြောရှာပါဘူး။ ရှောင်းကျန့်စိတ်ကောက်နေတယ်ထင်ပြီးချော့ဖို့ပဲကြိုးစားနေတာ။ တကယ်တော့ ကိုယ့်ဘာသာ ကျိတ်ရှက်နေတာ သူမသိဘူး။ အိမ်ထောင်သည်တွေဖြစ်လာပြီဆိုတော့ ဒီလိုကိစ္စတွေက ရှက်အားပိုနေစရာမဟုတ်မှန်း သူလဲ နားလည်ပါတယ်။ ဒါပေမဲ့ Heat ဝင်တဲ့အချိန် အထိန်းအကွပ်မဲ့နေတဲ့ ကိုယ်ပုံစံကိုယ်ပြန်တွေးမိပြီး စိတ်ထဲတမျိုးကြီးဖြစ်နေတာ။ မကြိုက်တာလဲမဟုတ်ပါဘူး။ ဒီလိုပဲ .......

"အားးး မေ့လိုက်တော့ ။ ဒါသဘာဝပဲ အရမ်းတွေးမထားနဲ့ရှောင်းကျန့်။ မင်းသူ့ကို ချစ်တာပဲမလား "

ကိုယ့်ခေါင်းကိုယ်နှစ်ချက်လောက်ထု့လို့ ဆုံးမလိုက်တယ်။ အပြင်ပြန်ထွက်မယ်အလုပ်မှာပဲ ညည်းသံသဲ့သဲ့ကိုကြားလိုက်ရတယ်။

"အပြင်မှာ ....ဘယ် သူ ရှိ လဲ ဟင် ....
ကူ ညီ ပါ ဦး ....ဗိုက် နာ လို့ပါ ..."

"ဟင် ? "

ရှောင်းကျန့်က အသံလာရာပြန်လှည့်ကြည့်တယ်။ အိမ်သာထောင့်ဆုံးအခန်းက လာနေတာဖြစ်ပြီး အတော်ဝေဒနာခံစားနေရပုံပေါ်တယ်။

My Ugly Omega Mate (Completed)Where stories live. Discover now