14

17.5K 1.4K 46
                                    

Unicode

"နောက်တခေါက် ပြောပါဦး "

"ချစ်တယ်လို့ "

"နောက်တခေါက် ၊ ဘယ်သူက ဘယ်သူ့ကိုချစ်တာလဲ"

" ဝမ်ရိပေါ်ကို ချစ်တယ် ...ရပြီလား "

" ခဗျား စိတ်ထဲမပါပဲ ကျွန်တော်ပြောခိုင်းလို့
ပြောနေတာမလား "

"ဖြစ်ရတယ် အဲ့ဒါဆိုလဲ ပြန်ရုတ်သိမ်း......"

"မရဘူးနော် ပြောပါဦး ကျွန်တော့်ကိုချစ်လား "

"ချစ်တယ် "

"အားးး ပျော်လို့ရူးမှာပဲ ..."

ဝမ်ရိပေါ်က ပျော်ရွှင်စွာနဲ့ အကျီထချွတ်တယ်။

"မင်း ဒါဘာလုပ်နေတာလဲ "

"ဘာလုပ်ရမှာလဲ ချွတ်တာလေ။ မင်္ဂလာဦးမယ်လေ "

"ဘာ !!!  "

ရှောင်းကျန့်က ဒီအခါမှ့ကြောက်ရကောင်းမှန်းသိသွားပြီး လက်လေးကိုကြက်ခြေခတ်လို ရင်ဘတ်မှာယှက်ထားတယ်။ သူဆန့်ကျင်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။

"အရင်တုန်းက ဒီအတိုင်းအိပ်တာလေ "

"အဲ့တာ လက်မထပ်ရသေးလို့ ၊ အခုက
လက်ထပ်ပြီးပြီလေ "

"မရပါဘူး ...မအိပ်ချင်ဘူး ရိုးရိုးပဲအိပ်မယ် "

"ရှောင်းကျန့်! မရစ်နဲ့ဗျာ ...ကျွန်တော့်ကိုချစ်တယ်‌ဆို ၊ဘာလို့မကြည်ဖြူပေးနိုင်ရတာလဲ "

"ငါလဲကြည်ဖြူချင်ပါတယ် ဒါပေမဲ့ နာမှာကြောက်တယ်လေ "

"မနာပါဘူးဂျစ်တူးရဲ့ ဆေးထိုးခံရသလောက်တောင် မနာဘူး "

"ဟင့်အင်း မယုံဘူး  ၊ ငါ heat ဝင်တဲ့အချိန်ကျမှလုပ်ပါလား ..နော်"

"ခဗျားက ဘာဆေးတွေမှန်းမသိ နေ့တိုင်းသောက်နေတာကို ၊ ဘယ်လိုလုပ်ပြီး heat ဖြစ်တော့မှာလဲ "

"နောက် မသောက်တော့ဘူးလေ
မသောက်တာလဲ တော်တော်ကြာနေပါပြီ မင်း mark ပေးပြီးကတည်းက မသောက်ဖြစ်တာ ၊တကယ်ပြောတာ "

"အဲ့ဒါဆိုလဲ နမ်းတာလောက်တော့
ခွင့်ပြုမယ်မလား "

တကယ်တော့ ဒီကောင်လေးစကားကိုယုံစားပြီး သူလက်မခံခဲ့သင့်ဘူး။

My Ugly Omega Mate (Completed)Where stories live. Discover now