16

15.2K 1.4K 26
                                    

Unicode

  ရန်ဖြစ်နေရင်း ရေချိုးတာကြာသွားသဖြင့် ရှောင်းကျန့်က နှာတရှုံ့ရှုံ့ဖြစ်လာတယ်။ ရိပေါ်က အိမ်မှာပဲဆေးသောက်ပြီး ကျန်နေရစ်စေချင်ပေမဲ့ ခေါင်းမာတဲ့ အိုမီဂါလေးက သူ့အိမ်မက်မကောင်းဘူး။ စိတ်မချဘူးဆိုပြီး company ကို အတင်းလိုက်လာလေရဲ့။

"ကျန်းချန် ac တွေအကုန်ပိတ်စမ်း။ ‌သူနေမကောင်းဘူးဆိုတာမသိဘူးလား။ သူ့ကို အလုပ်တွေလဲဖိခိုင်းမနေနဲ့။ နေလည်ကျရင် ဆေးသောက်ရမယ်နော် ဂျစ်တူး"

ကျန်းချန်က ရိပေါ်မမြင်အောင် အန်တော့မဲ့ဟန်လုပ်ပြတယ်။ ရှောင်းကျန့်က မြင်ပြီးပြုံးမိတယ်။

"ဟုတ်ကဲ့ပါ ဝမ်သခင်လေးခဗျာ ၊ ခဗျားရဲ့အမျိုးသားလေးအတွက် ဘာတွေများ မှာကြားတော်မူဦးမလဲ"

"ငါ့ကိုမရွဲ့နဲ့ ...ဟင်း "

"မရှိတော့ရင် ကျွန်တော်ဒီအလုပ်လေး အပြီးသတ်လိုက်ဦးမယ်နော်။ ဟုတ်ကဲ့ ကျေးဇူးပါခဗျ "

ဝမ်ရိပေါ်က ကျန်းချန်ရွဲ့ပြောတာကို အဖက်ပင်မလုပ်ဘူး။ ဂျင်းရေနွေးပူပူလေး ရှောင်းကျန့်ကိုတိုက်ဖို့ လုပ်နေတယ်။

"ရေဆာရင် ရေအေးတွေမသောက်နဲ့နော်
ဒါလေးသောက် ၊ ဘူးကအပူခံတော့ တနေကုန်သောက်လို့ရတယ်။ ကျွန်တော်စာချုပ်ကိစ္စ ချိန်းထားတဲ့နေရာကို ခဏသွားရမယ်။ တနာရီလောက်ပဲ။ အမြန်ဆုံးပြန်လာမှာမို့ ရုံးခန်းထဲမှာပဲနေနော်။ အိပ်ချင်ရင် အတွင်းခန်းမှာဝင်အိပ်နေလိုက် ...."

"ငါလဲလိုက်ချင်တယ် ၊ အစကတည်းက ငါနဲ့အတူသွားဖို့ပြောထားပြီးသားကို "

"မရဘူး အပြင်မှာ လေစိမ်းတွေတိုက်တယ် ၊
ခဗျားလေး အအေးမိလိမ့်မယ် "

"ရိပေါ် ငါက ..မပျော့ညံ့ဘူးနော် "

"ဒါပေါ့ ကျွန်တော့်အသက်လေးက ဘယ်လောက်အားကြီးလိုက်သလဲ။ ဆံပင်တခါဆွဲနှုတ်ရင် ၅ပင်လောက်ကအသာလေးပဲ ။ လူလဲကတုံးဖြစ်တော့မှာ ၊အခုက ဂျစ်တူး နေမကောင်းဖြစ်မှာစိုးလို့ပါ နော် ၊ လိမ်မာတယ် ...ပြန်လာရင် ဘာဝယ်ခဲ့ရမလဲ "

"မဝယ်နဲ့ မင်းသာ အမြန်ပြန်လာခဲ့
ငါအောက်ထိလိုက်ပို့ပေးမယ် "

My Ugly Omega Mate (Completed)Where stories live. Discover now