Part 1 (Z/U)

8.6K 244 3
                                    

"ဆရာလေးရေ ဆရာလေး"

ကြားရပါပြီ အိမ်ရှေ့ကနေ အသံစွာစွာလေးများဖြင့် အော်ခေါ်နေပြီဖြစ်သော ကလေးများ၏အသံ ဒါဟာ ရင်ငြိမ်းအတွက်တော့ နံနက်ခင်းတိုင်းကြားရသည့် ချစ်စဖွယ်အသံလေးတွေပင်ဖြစ်လေသည်။
မိမိပြန်မထူးမချင်း အဆက်မပြတ်အော်ခေါ်နေသော ကလေးများအား ရင်ငြိမ်းအသည်းယားမိသည်။ထိုကလေးလေးများသည် တစ်ခြားတော့မဟုတ် မိမိတပည့်လေးများပင်ဖြစ်သည်။

"ဆရာလေးရေ သားတို့ရောက်ပြီ"
"သမီးတို့လည်းရောက်နေပြီနော်ဆရာလေး"
"အေး သားတို့သမီးတို့ရေ အိမ်ထဲဝင်လာခဲ့လေ အဲ့ဒီမယ် စင်ပေါ်မှာထိုင်နေကြဉီးနော် "

ထိုခပ်စွာစွာအသံလေးများအား ရင်ငြိမ်း မီးဖိုးဆောင်ထဲမှနေကာ အိမ်ထဲဝင်ထိုင်ဖို့ရန်အတွက်လှမ်းအော်လိုက်ရပါသည်။ဝင်မလာခိုင်းမချင်း အိမ်ပေါက်ဝကနေအော်ခေါ်နေမည်မှာက မလွဲဧကန်ပင် တော်ကြာနေ စာမကျက်နိုင်ပဲ အသံတွေဝင်ကုန်မြှဖင့် ဆရာလေးကြောင့်ဖြစ်နေမယ်။အရင်နေ့တွေက အိမ်မှာ အမေရှိသည်မို့ ရင်ငြိမ်းအတွက်အဆင်ပြေသည်။အခုလို အမေမြို့ပေါ်သွားတဲ့နေများဆိုရင်ဖြင့် ရင်ငြိမ်းတစ်ယောက် တစ်ယောက်ထဲ ချာလည်တိုက်နေတော့သည်။
ယခုလည်း ကျောင်းဝတ်စုံအဖြူအစိမ်းလေးလဲကာ ထမင်းချိုင့်ထည့်ဖို့ မီးဖိုဆောင်ထဲရောက်နေခြင်းပင် တော်သေးသည်က အမေအကုန်ချက်ခဲ့လို့ မဟုတ်ရင် ယနေ့ကျောင်းကို နေ့လည်မှရောက်မည့်ကိန်းဆိုက်နေမည်။
ထမင်းချိုင်လေးဆွဲကာ အိမ်ရှေ့စားပွဲပေါ်က အိတ်လေးကိုယူရင်း အိမ်တံခါးပတ်ကာ ကလေးတွေထိုင်နေသည့် စင်လေးအနားသို့ ရင်ငြိမ်းလျှောက်သွားလိုက်သည်။

"ကဲ သွားကြစို့ ကလေးတို့ရေ"
"ဟုတ်ကဲ့ဆရာလေး"
"ဆရာလေး သားကို အိတ်ပေးသားကိုင်ပေးမယ် "
"စမီးကိုလဲ ချိုင့်ပေး သမီးကိုင်မယ်"

ထိုကဲ့သို့ တစ်ယောက်တစ်ခွန်းဖြင့် မိမိလက်ထဲကပစ္စည်းများအားတောင်းနေသော ကလေးလေးများကို ရင်ငြိမ်း ပြုံးကြည့်နေမိသည်။

"နေပါစေဗျာ မလေးပါဘူး ကလေးတို့ရဲ့ ဆရာလေးဘာသာကိုင်ပါ့မယ်နော်"
"ဟင့် ကူသယ်ပေးချင်တာကို"
"ဟုတ်ပါပြီ ဆရာလေးက ချစ်လို့မသယ်ခိုင်းတာ သိလား ကဲ လာသွက်သွက်လေးလျှောက်ကြစို့နော်"
"ဟုတ်ကဲ့"

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now