Part 36 {Z/U}

1.1K 78 5
                                    

အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်နေသော အခန်းတစ်ခု ထိုအခန်းထဲတွင် လူ၅ဉီးရှိနေလေသည်။
ထိုင်ခုံထက်တွင် ခြေချိတ်ထိုင်ကာ မိမိလက်၌ပတ်ထားသော လက်ပတ်လေးအား အကြောင်းရင်းမရှိ လှည့်ပတ်ကိုင်ကြည့်နေသောသူရယ်၊ ခုံကို ခပ်လျောလျောမှီထိုင်ကာ စီးကရက်တစ်လိပ်အား ဇိမ်စွဲသောက်နေသူရယ်၊ ထိုသူနှစ်ဉီး၏ ဘေးတစ်ဖက်စီတွင် မတ်တပ်ရပ်နေသူကောင်လေး၂ဉီး  နောက်တစ်ယောက်ကတော့ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ မျက်နှာကို ငုံ့ထားသော လူတစ်ယောက်တို့ ရှိနေလေသည်။

ထို့နောက် ဆေးလိပ်သောက်နေသောသူက လက်ထဲကဆေးလိပ်အား ပြာခွက်ထဲသို့ ဖိချေကာ ဒူထောက်နေသူထံ လှမ်းကြည့်ကာ အေးစက်စက်လေသံနှင့် စကားစဆိုလာလေသည်။ထိုသူကား အခြားသူမဟုတ် မင်းမြတ်ထွဋ်ခေါင်ပင်ဖြစ်လေသည်။

"ဘာလို့လုပ်ခဲ့တာလဲ"
"......"
"မေးနေတယ်လေ ဘာလဲ အသွားတာလား တေဇာအောင် ဟမ် ကျွေးတဲ့လက်ကို ပြန်ကိုက်ရတာ ပျော်သလား ဖြေစမ်းပါဉီး"
"တောင်း တောင်းပန်ပါတယ် "

"ဟားဟားး တောင်းပန်တယ် တောင်းပန်ရုံနဲ့ မင်းလုပ်ထားတာတွေက ပြီးသွားမှာလား ဟမ်တေဇာအောင် ဟေ့ကောင်!"
"ဟင့် အင့်"
"ဟား သေတော့မယ်"
"ကာယံမိုး ရပ်စမ်း"
"တောက်"
စိတ်ဆတ်သည့် ကာယံက တေဇာအား ဆွဲဆောင့်ကာ ထိုးရန်ပြင်နေသည်မို့ မင်းမြတ် ကာယံလက်အား ဆွဲကား တားလိုက်ရသည်။
မိမိအပေါ် ဘယ်လိုပဲ အမျိုးမျိုးလုပ်ကြံခဲ့စေဉီးတော့ ဘာကြောင့်မှန်းမသိ မင်းမြတ် ထိုကောင်လေးကို ရက်ရက်စက်စက်မလုပ်ပစ်နိုင်ပေ ဟိုငယ်ငယ်ထဲက ကိုယ့်အနားသူလဲရှိနေခဲ့သည်မို့ သံယောဇဉ်ရှိနေခဲ့သည်ထင်ပါရဲ့ ကာယံလောက်မဟုတ်ပေမယ့် ဒီတပည့်လေးတွေကို မင်းမြတ်ကိုယ့် ညီအရင်းလေးတွေလို ချစ်ခဲ့ရသည်ပဲလေ။

"စကားနဲ့ပြော လက်မပါနဲ့ကာကာ"
"စကားနဲ့ပြောရလောအောင်တန်လို့လား ထွဋ်ထွဋ်ရ ဟမ် ဒီကောင် ဘာတွေလုပ်ခဲ့လဲ မင်းကိုလေ မင်းကို သတ်ဖို့ အကြိမ်ကြိမ်လုပ်ခဲ့တဲ့ကောင်ကွ"
''သိတယ် ငါသိတယ် ဟူးး"

ထို့နောက် တေဇာအောင် အား ထကာ ခုံပေါ်တွင်ထိုင်ခိုင်းလိုက်သည်။သော်ခန့်နှင့်ပိုင်စိုးသူ ကိုပါ မိမိအရှေ့က ခုံတွင် ဝင်ထိုင်ခိုင်းလိုက်သည်။
"ခံပေါ်လာထိုင်ကြ ကောင်လေးတွေ"

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now