Part 41 {Z/U}

1.1K 74 9
                                    

"အီးးဟီးးအဟင့် ဟင့် ဟီးး"
"ဟာ တိတ်ပါကွာ မငိုပါနဲ့တော့ တေဇာရယ် တိတ်တော့လို့"
"ဟီး အဟင့် အီးး ဟီးး"
"အားးးး တော်ပါတော့ ဘာလို့ငိုနေတာလဲ အကြောင်းအရင်းမရှိ ထထမငိုပါနဲ့လားကွာ ဘာဖြစ်ချင်တာလဲ ပြောကွာ မင်းပြောမှ ငါတို့ကသိမှာလေ"
"မသိပါဘူးဆို ဟင့် ဟီးးး ငိုချင်လို့ အင့် ပါဆိုမှပဲ''

မနက်မိုးစလင်းပါပြီဆိုကတည်းက တစ်ရှုံ့ရှုံ့ငိုရုံတင်မက တစ်ခါတစ်ခါထထအော်ငိုနေသော ကိုယ်ရွှေဗိုက်အား သော်ခန့်နှင့်ပိုင်စိုးမှာ ထိုင်ချော့နေရသည်က နာရီများစွာ ဘာအကြောင်းအရင်းမှမရှိ ငိုနေတာက ဘယ်လိုချော့ချော့မရပဲ ငိုမြဲငိုဆဲသာ။

"ညီလေး တေဇာ မငိုနဲ့တော့လေကွာ မင်းမှာ ကလေးလေးရှိတယ်လေ ညီလေးငိုပါများရင် ကလေးက မျက်ပြူးလေးဖြစ်လိမ့်မယ်နော်"
"ဟင့် ဘာမှမဟုတ်ဘူး အင့် အရင်တုန်းက ဟင့် အိမ်နီးချင်း တရုတ်မကြီးက ဗိုက်ကြီးနဲ့ငိုတာပဲကို အင့်ဟင့် သူ့ကလေး ဟင့် မွေးလာတော့ အင့် မျက်ပေတုံးလေးဟာကို ဟွန့်"
"အေးပါကွာ အဲ့တာ သူတို့က တရုပ်တွေမို့လို့ပေါ့"
"တရုတ်တိုင်း မျက်ပေတုံးမဟုတ်ဘူးနော် စကားကို ကြည့်ပြော ကိုပိုင်စိုး"
"ဟေ ဟုတ်ပါတယ် သော်ခန့်က မျက်လုံးလှပါတယ်ကွာ"
"ကိုကြီးပိုင်စိုး"
"ဟေ"
"လိုက်ချင်တယ်"
"ဘယ်ကိုလဲ ရုံးကိုလား မလိုက်ပါနဲ့တေဇာရယ်နော်"
"မဟုတ်ဘူး မေရီလန်းကို"
"ဟေ"
"လိုက်ပို့ပေးပါနော် တေဇာလေ တစ်ကယ် အဲ့ဒီရွာလေးကို သွားချင်နေတာ မဟုတ်ရင် ငိုပဲငိုချင်တယ် လိုက်ပို့ပါနော် အစ်ကိုနဲ့ သော်ခန့် လိုက်ပို့ပါ"
"ဟုတ်ပြီ မငိုနဲ့နော် အစ်ကို ဆရာ့ကို ဖုန်းဆက်ပြီးပြောပေးမယ် ဆရာလက်ခံရင်မနက်ဖန်လိုက်ပို့မယ်နော်"
"ဟုတ်"
"သော်ခန့် အစ်ကို ဖုန်းသွားပြောလိုက်ဉီးမယ် တေဇာနဲ့ ခဏနေပေးလိုက်ဉီးနော်"
"အင်း"

အစ်ကိုပိုင်စိုးအပြင်ထွက်သွာပြီးသိပ်မကြာခင်မှာပဲ တေဇာတစ်ယောက်ငိုရတာမောသွားလို့ထင်ပါရဲ့ ဆိုဖာခုံထက်ခေါင်းလေးမှီပြီး အိပ်ပျော်သွားလေပြီ။တေဇာအား တစ်ခါတစ်ခါ စိတ်မရှည်ဖြစ်ရသည်ကလွဲ၍ သော်ခန့် ဒီကောင်လေးကို ချစ်လည်းချစ် ခင်လည်းခင်ပါသည် သူ့ခင်ဗျာလည်း ယောကျာ်းလေးတန်မဲ့ကိုယ်ဝန်လွယ်ထားရသလို ကလေးအဖေကလည်း နှစ်ပေါင်းများစွာထောင်ကျခဲ့ရသလို မိသားစုကလည်းမရှိတော့ အားငယ်ရှာမှာပေါ့ ဒါတွေကိုနားလည်ပေမယ့် မိမိတို့မှာလည်း ကိုယ့်တာဝန်နဲ့ကိုယ်မို့ သူ့အနားအချိန်ပြည့်နေမပေးနိုင်တော့ ဝမ်းနည်းအားငယ်နေတာလည်း အဆန်းတော့မဟုတ်ပေ။

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now