Part 26 {Z/U}

1K 68 4
                                    

"မင်းမြတ်"
"ပြော"

ဆေးရုံကုတင်ထက်ထိုင်နေရင်း အပြင်ဘက်ကို ငေးနေသော မင်းမြတ်အနားသို့ ကာယံ သွားထိုင်လိုက်သည်။ထို့နောက် မင်းမြတ်၏မျက်နှာအား ငေးကြည့်မိသည်။

"အဆင်ပြေရဲ့လား"
"ဘာကိုလဲ"
"အရာအားလုံးပေါ့"
"အင်း ပြေပါတယ် ဒါနဲ့ ငါဘယ်နေ့ဆေးရုံဆင်းရမလဲ"
"နောက်၂ရက်လောက်ပေါ့"
"ကျစ် ငါအခု ဆင်းခြင်တယ်"
"မင်းကလည်း နေပါဉီး"
"ငါအဆင်ပြေတယ်လေ ကာကာ ငါအခုကောင်းနေပြီပဲ ဘာကိစ္စဆေးရုံကုတင်ပေါ်ထပ်နေရဉီးမှာလဲ"
"အေးပါ ခုညနေဆင်းလို့ရအောင် ငါပြောလိုက်မယ်"
"အခု"
"ဟ"
"အခုကွာ"
"အေးကွာ အခု အခု"

ဆေးရုံအုပ်နှင့်တွေ့ကာ မင်းမြတ်အခြေနေအား ဆွေးနွေး၍ စိတ်ချရပြီဟုဆိုသဖြင့် ဆေးရုံဆင်းဖို့ပြင်ရတော့သည်။
သော်ခန့်က အခန်းပြင်၌အဆင်သင့်စောင့်ကာ သယ်စရာရှိသည်တို့ကိုသယ်၍ အိမ်သို့ပြန်လာခဲ့ကြသည်။

ခြံဝန်းကျယ်ကြီးအတွင်း၌ ခမ်းနားစွာ တည်ရှိနေသော အနက်ရောင် စံအိမ်ကြီးက အမြင်အာရုံနှင့်ပင် အရှိန်အဝါတို့မည်မျှရှိနေသည်ကို သိနိုင်သည်အထိ နက်စွေးကာ နေရောင်အောက်၌ တောက်ပြောင်နေလေသည်။
ကားဟွန်းသံကြားသည်နှင့် ကျီခနဲပွင့်သွားသော သံပန်းတံခါးကြီးနှင့်အတူ ခြံထဲသို့ မောင်းဝင်လာသော နောက်ဆုံးပေါ်  အဆင့်မြင့် ကားအနက်ရောင်၂စီးသည် စံအိမ်ကြီး၏ စင်ဝင်အောက်၌ အသီးသီးရပ်တန့်သွားကြကာ ကားပေါ်မှ မင်းမြတ်ထွဋ်ခေါင်နှင့်ကာယံမိုး/သော်ခန့်တို့ အသီးသီးဆင်းလာကြလေသည်။

"ဆရာ"
"သခင်လေး"

အိမ်ဝ၌ အသင့်အနေအထားရပ်ကာ မင်းမြတ်အား နုတ်ဆက်လာသည့် တပည့်ကျော်၂ယောက်အားကြည့်ကာ မင်းမြတ်ပြုံး၍ခေါင်းငြိမ့်ပြလိုက်သည်။

"အထဲမှာ ဟို ဉီးထွဋ်ခေါင်ကျော် ရောက်နေပါတယ် သခင်လေး"
"အင်း ပိုင်းစိုး"

မိသားစုဓာတ်ပုံရှေ့ ရပ်ကာ ဓာတ်ပုံကြီးအား ရပ်ကြည့်နေသော ဉီးထွဋ်ခေါင်ကျော်က မင်းမြတ်တို့ အိမ်ထဲဝင်လာသည်ကို သတိမထားမိသည်လား တမင်ကို လှည့်မကြည့်သည်လားကိုတော့ အထွေထူးစဉ်းစားမနေတော့ပါ မင်းမြတ် ထိုသူအနားသွားရပ်ရင်း...

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now