Part 15{Z/U}

1.1K 88 7
                                    

ကျောပိုးအိတ်လွယ်ကာ ခရီးဆောင်အိတ်ကိုလက်ကဆွဲလို့ လာရောက်နှုတ်ဆက်သည့် ဝေထူးအား ရင်ငြိမ်းလည်း ပြန်လည်ပွေ့ဖက်နှုပ်ဆက်လိုက်သည်။ဒါလေးက ကိုယ့်သူငယ်ချင်းလေးပဲမဟုတ်လား အရင်က ပြဿနာတွေလည်း မေ့ပစ်လိုက်ကြပြီပဲ။

"ဟိုရောက်ရင် အစစအရာရာဂရုစိုက်နော် ဝေထူး စိတ်တို့တာတွေ ဒိုးကနဲဒေါက်ကနဲ့ပြောပစ်တာတွေထိန်းနော်"
"ဟုတ်ကဲ့ပါ ဆရာလေးခင်ဗျ"
"နောက်မနေနဲ့ ငါကအတည်ပြောနေတာ"
"အေးပါ အငြိမ်းရဲ့ ငါသိပါတယ် မင်းလည်းဂရုစိုက်နော် ပြီးတော့ ဟိုလူကြီး ကိုလည်း သိပ်အလိုမလိုက်နဲ့ကွာ"
"အေးပါ လိုက်ပို့ပေးမယ်လေ ကားစီးတဲ့နေရာကို"
"ရတယ် မပို့နဲ့တော့"

ထို့နောက် ရင်ငြိမ်းအနားတွင်ရအ်နေသော ကံကောင်းအား ဝေထူးလှမ်းကြည့်ရင်း...

"ကိုကံကောင်း အငြိမ်းကို ဂရုစိုက်နော် ဘယ်အခြေအနေပဲရောက်ရောက် အငြိမ်းလက်ကိုဆွဲထားပေးပါ ဘယ်တော့မှ ကျွန်တော့်သူငယ်ချင်းကို ပစ်မထားခဲ့ပါနဲ့"
"စိတ်ချ ငါ့ကောင်လေးလက်ကို ငါဘယ်တော့မှ လွှတ်မှာမဟုတ်ဘူး မင်းလည်း ဂရုစိုက် ဂျပုလေး"
"အင်း ဒါဆို သွားပြီနော် "
"ကောင်းကောင်းသွား  အစစ အရာရာအဆင်ပြေပါစေ ဝေထူး"

///////////////////

သခင်လေးနှင့် ပတ်သက်ပြီး စုံစမ်းသိရှိသမျှအား သော်ခန့် အစ်ကိုလေးထံတင်ပြရန်အတွက် စံအိမ်တော်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

"ရောက်နေရင်လည်း လာထိုင် သော်ခန့်"

နောက်ကိုတစ်ချက်ပင်လှည့်မကြည့်ပဲ သော်ခန့်ဆိုတာ သိနေသည့် အစ်ကိုလေးအား အံ့သြသွားရသည်။သော်ခန့် အစ်ကိုလေးရှေ့သွားထိုင်ကာ သိချင်နေသော မျက်ဝန်းများဖြင့် အစ်ကိုလေးအား မရဲတစ်ရဲမေးလိုက်မိသည်။မတော် စိတ်တိုပြီး ထထုနေရင်  ကိုယ်ပဲခံရဉီးမယ်။

"နောက်လည်း လှည့်မကြည့်ပဲ ကျွန်တော်ဆိုတာ အစ်ကိုလေး ဘယ်လိုသိတာလဲ"

သော်ခန့်အမေးအားပြန်ဖြေရန် လက်တော့ပေါ်၌ပြေးလွားနေသော လက်များအား ရပ်တန့်ကာ သော်ခန့်အား စိုက်ကြည့်လိုက်သည်။ထို့နောက် ဟက်ကနဲတစ်ချက်ရယ်ကာ...

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now