Part 28 {Z/U}

1.2K 76 9
                                    

ယနေ့ မင်းမြတ် ကုမ္မဏီကို ပြန်လည်ဉီးစီးမည်နေ့...

မင်းမြတ် အိမ်ထဲမှထွက်ကာ အိမ်ရှေ့၌ အသင့်စောင့်နေသော ကားပေါ်သို့တက်လိုက်သည်။ထို့နောက် ငြိမ့်ကနဲထွက်သွားသောကားနှင့်အတူ မင်းမြတ်မျက်လုံးတွေကို မှိတ်ကာ လိုက်ပါလာမိသည်။
ဘာရယ်မဟုတ် လက်သန်းက လက်စွပ်လေးကို အသာဖွဖွထိကိုင်ကာ လှည့်နေမိသည်။
လက်စွပ်လေးက မင်းမြတ်ရဲ့စိတ်အစဉ်ကို ငြိမ်းအေးစေတာကိုတော့ ကာယကံရှင် မင်းမြတ်သာအသိဆုံးပင်။

ကုမ္မဏီအတွင်းသို့ ဝင်ရောက်လာသည်နှင့် စောင့်ကြိုနေသော ဝန်ထမ်းများအား တစ်ချက်ခေါင်းငြိမ့်ပြကာ မိမိရုံးခန်းအတွင်းသို့သာ လျှောက်လှမ်းလာခဲ့သည်။ရုံးခန်းအတွင်းသို့ ရောက်သည်နှင့် အသင့်စောင့်နေသော ကာယံအား ပြုံးပြကာ...

"ရောက်တာကြာပြီလား "
"အင်း နာရီဝက်လောက်ရှိပြီ ဟိုလူလဲရောက်နေပြီ မျက်နှာကတော့ ပြုံးနေဆဲပဲကွ"
"အဟွန်း ဘယ်အချိန်ထိဆက်ပြုံးနိုင်မလဲ စောင့်ကြည့်ကြပေါ့ ငါ့ညီလေးရဲ့"
"ဟျောင့် ငါ့ကို ကလေးလို လာမဆက်ဆံနဲ့"
"မင်းက ငါ့အတွက်တော့ ညီလေးပဲ ကလေးပဲ"
"ဘောပဲကွာ"
"ဟဟားးး"

လွတ်လပ်စွာ တစ်ဟားဟားရယ်နေသော မင်းမြတ်အား ကြည့်ကာ ကာယံမိုး မိမိကိုယ်ကို အပစ်ရှိသလိုခံစားနေရသည်။မေ့နေခဲ့သော အတိတ်အရာများအား ပြန်သတိရလာခဲ့ရင် မင်းမြတ် မိမိကို ခွင့်လွှတ်နိုင်ပါ့မလား။နှစ်ဖက်လုံးကောင်းဖို့အတွက် လုပ်ခဲ့တာမို့ ကာယံနောင်တတော့ရမနေခဲ့ပါ။

"အစည်းဝေးခန်းထဲသွားကြတော့မလား ထွဋ်ထွဋ်"
"အင်း သွားကြတာပေါ့"

မင်းမြတ်နှင့်ကာယံ အစည်းဝေးခန်းထဲ ဝင်လာသည်နှင့် အပ်ကျသံပင်မကြားရလေအောင်တိတ်ဆိတ်သွားလေတော့သည်။

စားပွဲထိပ်ဆုံးက CEOဟူသော နေရာသို့လျှောက်သွားကာ ထိုင်ခုံ၌ ထိုင်လိုက်ပြီး ရှယ်ယာရှင်များအား တစ်ချက်ဝေ့ကြည့်ကာ ပြုံးပြလိုက်သည်။
ပြုံးချင်လွန်း၍တော့ မဟုတ်...

"ကဲ အားလုံးပဲ ကျွန်တော် မင်ူမြတ်ထွဋ်ခေါင်ပါဗျ K Groupရဲ့ CEO ပေါ့  မမှတ်မိမှာစိုးလို့ ပြန်ပြောပြတာ အဟွန်း"
"ဟုတ်ကဲ့ ကြိုဆိုပါတယ် CEO" (All)

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now