Part 31{Z/U}

1K 69 1
                                    

အပိုင်း ၃၁

ယနေ့ Hotel ဖွင့်ပွဲနေ့ဖြစ်သည်။မင်းမြတ်ထွဋ်ခေါင်နှင့်ကာယံမိုး ဖွင့်ပွဲအခမ်းနားစီစဉ်ထားသည့်နေရာသို့ ဝင်လာသည်နှင့် အားလုံး၏အကြည့်များက သူတို့၂ဉီးထံ၌မြဲမြံစွာတည်ရှိနေလေသည်။အားကျသော၊မနာလိုသော၊လေးစားသော၊ပိုင်ဆိုင်လိုသော စသည့်မတူကွဲပြားသောအကြည့်များအား မသိကျိုးကျွံပြုကာ နေရာအသီးသီးတွင် ဝင်ထိုင်လိုက်ကြသည်။ထို့နောက် တတ်ရောက်လာသူများအားဝေ့ကြည့်လိုက်သည်။ဉီးထွဋ်ခေါင်ကျော်နှင့် အခြားသော လုပ်ငန်းရှင်များ ဖွင့်ပွဲ ဖဲကြိုးဖြတ်ရန်ရောက်ရှိနေသော အနုပညာရှင်တစ်ချို့နှင့် Hotelနှင့်ခရီးသွားလာရေး အရာရှိများပါရောက်ရှိနေသည်ကိုတွေ့ရသဖြင့် မင်းမြတ်နှင့်ကာယံ လိုက်လံနှုတ်ဆက်ကြရသည်။

"မောင် မင်းမြတ်နဲ့ မောင်ကာယံ တို့ကတော့ လူငယ်တွေပီပီ အရမ်းကိုထူးချွန်ကြတယ်ကွာ တို့လူအိုကြီးတွေက ခေတ်မမှီတော့ဘူးကွ မင်းတို့လောက် စီးပွားရေးဈေးကွက် မချဲ့နိုင်ဘူးဟေ့ "
"အန်ကယ်တို့ဆီကလည်း ပညာတွေယူရမှာပါဗျာ ရှေးထုံဆိုတာ မပယ်ကောင်းဘူးမဟုတ်လားဗျ"
"ဟဟားးအေးကွာ စကားအရာမှာတော့ မင်းက ဆရာတစ်ဆူပဲ မင်းမြတ်ရာ တော်တယ်တော်တယ် "
"ကျေးဇူးပါဗျာ "

ထို့နောက် Hotel ဖွင့်ပွဲအခမ်းအနားစတင်ကာ ကျင်းပသည်မို့ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသောအနုပညာရှင်များအပါအဝင် မင်းမြတ်ထွဋ်ခေါင်နှင့် ကာယံမိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။

ရင်ငြိမ်းနှင့် ထူးထူး အရင်နေ့ကလိုပဲ လှည်းတန်းဘက်သို့ရောက်ရှိနေကြသည်။ထို့နောက် ထူးထူးက သူသဘောကျသော မင်းသားက ဒီနေ့ လှည်းတန်း၌ အသစ်ဖွင့်မည့် Hotelဖွင့်ပွဲသို့ လာမည်ဟုဆိုကာ အပြင်မှာတွေ့ဖူးချင်ပါသည်ဟု ရင်ငြိမ်းအား ပူဆာသဖြင့် ထူးထူးနှင့်အတူ လိုက်လာခဲ့ရခြင်းပင်။ရင်ငြိမ်းလည်း ချစ်ရသည့် အစ်ကိုအား တွေ့လိုတွေ့ငြားရှာချင်သည်လည်း ပါသဖြင့် ထွက်လာခဲ့ကြခြင်းပင်။
ခုလည်း Hotel ဖွင်ပွဲ အား ဖဲကြိုးဖြတ်ကာ ဖွင့်ပွဲကျင်းပနေသည်အား ထူးထူးနှင့်အတူ ရင်ငြိမ်းပါ ကြည့်နေမိသည်။
သူသဘောကျသော အနုပညာရှင်အား တွေ့သည်နှင့် ထူးထူးတစ်ယောက် ခုန်ဆွခုန်ဆွနှင့် ပျော်နေလေတော့သည်။ရင်ငြိမ်းလည်း သူပြသည့်နေရာအား လိုက်ကြည့်နေမိသည်။ထိုအချိန် ရင်ငြိမ်အမြင်အာရုံထဲဝင်လာသည့် ပုံရိပ်နှစ်ခု အနက်ရောင် အနောက်တိုင်းဝတ်စုံများနှင့် ချောမောခန့်ညားနေသည့် အမျိုးသားနှစ်ဉီး ရင်ငြိမ်းမျက်တောင်မခတ်တမ်းငေးကြည့်နေမိသည်။ထိုလူနှစ်ဉီးထဲမှ တစ်ဉီးသည် မိမိချစ်ရသော အစ်ကိုနှင့်ထပ်တူညီလွန်းလှသည်။ရင်ငြိမ်းအမြင်တွေမှားနေသလားဟုထင်ကာ မျက်လုံးများအား လက်နှင့်ဖိပွတ်ကာ ထပ်မံကြည့်မိသည် မပြောင်းလဲသော ထိုပုံရိပ်က ပြုံးနေသောမျက်နှာထားနှင့် အစ်ကို အမြင်မှာသည်မဟုတ် အစ်ကိုမှအစ်ကိုပင် မျက်လုံးကမြင်ရသည့် သက်သေထက် ရင်ခုန်သံတို့ကဝုန်းဒိုင်းကျဲကာ သက်သေပြနေကြလေတော့သည်။

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းTahanan ng mga kuwento. Tumuklas ngayon