Part 2 (Z/U)

3.4K 191 6
                                    


ညနေခင်းကျောင်းဆင်းချိန်ရောက်၍ ရင်ငြိမ်း အစ်ကိုအစ်မများနှင့်ကလေးများကိုနှုတ်ဆက်ကာ မိမိနှင့် လမ်းတူသည့်တပည့်လေးများနှင့်အတူ အိမ်ပြန်လမ်းကို ပြန်လာခဲ့ကြသည်။အထက်တန်းကျောင်းဖြစ်သည်မို့ ကလေးတွေက အရွယ်စုံသည် စောထူးထူးနှင့်စောလားဆေးတို့က ၁၀တန်းကျောင်းသားလေးတွေပင်ဖြစ်သည်။လူကောင်တွေကထွားကြသည်မို့ ရင်ငြိမ်းထက်ပင်အရပ်ရှည်ကြသေးသည်။နော်အယ်ဒါးဖောဆိုသည့်ကလေးမလေးကတော့ ၉တန်းကျောင်းသူလေးပင်ဖြစ်သည်။ဖြူဖြုဖွေးဖွေးဝတုတ်တုတ်ကရင်မလေးသည်လည်း အရမ်းကိုချစ်စရာကောင်းလေသည်။ကျန်တာလေးတွေကတော့ အငယ်လေးတွေပင်ဖြစ်သည်။

မိမိတို့ရပ်ကွက်ဘက်ကို ကွေ့တဲ့ကွန်ကရစ်ခင်းလမ်းလေးဘေးမှာ ပေါက်နေသည့် ပန်းကလေးတွေကို အယ်ဒါးလေးက အသွားအပြန်ခူးလေသည်။ထိုပန်းကလေးတွေကဘာနံမည်ရှိသလဲတော့ မသိပေမယ့် ရင်ငြိမ်းတို့ကတော့ နေကြာပန်းပိစိလေးတွေဟုသာ အလွယ်ခေါ်ကြသည်။နေကြာပန်းပွင့်လို့တစ်ပုံစံတည်းတူသည့် အပွင့်သေးသေးလေးတွေမို့ ထိုအမည်ပေးထားခြင်းပင်။ယခုလည်း အယ်ဒါးက ထိုးပန်းလေးများအား လိုက်လံခူးယူနေသည်။ခြုံတစ်ချို့ရှိနေသည်မို့ ခြုံဘက်သိပ်မကပ်ရန် ရင်ငြိမ်လှမ်းသတိပေးရလေသည်။

"အယ်ဒါးရေ ခြုံဘက်အရမ်းမသွားနဲ့နော် မြွေပါးကင်းပါးနဲ့ "
"ဟုတ်ကဲ့ ဆရာ"

ဆရာလေး၏ သတိပေးစကားအား ပြန်ဖြေပြီး အယ်ဒါး မြေနိမ့်ဘက်မှာပွင့်နေသည့် ပန်းကလေးအား လှမ်းခူးချိန် မြင်လိုက်ရသည့် အရာကြောင့် နေရာမှာပင်ထိုင်ချကာ အော်လိုက်မိတော့သည်။

"အား!!!!"
"ဟင် အယ်ဒါး"

ရုတ်တစ်ရက် အော်ကာ လဲကျသွားသော အယ်ဒါးအနားသို့ ရင်ငြိမ်းတို့အပြေးသွားကြသည်။ထို့နောက် အယ်ဒါးကို မြွေကိုက်လိုက်သလား ဘာလား အသဲအသန်ရှာကြည့်ရလေသည်။

"ဘာဖြစ်သွားလဲ အယ်ဒါး မြွေကိုက်တာလား ဘယ်မလဲ ​ဟမ် ပြစမ်း"

ခြေထောက်တွေလက်တွေကို အတင်းဆွဲကာရှာနေရင်း အသံတွေပါတုန်နေသော ဆရာလေးကြောင့်  အယ်ဒါးပြောမည့်စကားတွေပင်ဘယ်ရောက်မှန်းမသိပေ။ထို့နောက် ခြုံဘက်ကို လက်ညှိုးထိုးပြရင်း...

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now