Part 37 {Z/U}

1K 86 5
                                    

ကျောပိုးအိတ်တစ်လုံးလွယ်ကာ လေတစ်ချွန်ချွန်နှင့် အပေါ်ထပ်ကနေဆင်းလာသော မင်းမြတ်အား ဧည့်ခန်းထဲ၌ ထိုင်နေသော ကာယံတို့မှာ မနိုင်ဘူးဟူသောပုံစံများဖြင့်သာ စိတ်ပျက်လက်ပျက်ထိုင်ကြည့်နေကြတော့သည်။

"ဘာဖြစ်နေကြတာလဲ မင်းတို့က"
"မင်း တစ်ဖြည်းဖြည်း ငပေါကြီးနဲ့တူလာတယ် မင်းမြတ်ထွဋ်ခေါင်"
"အချစ်ရှိရာ သွားမလို့ တက်ကြွနေတာကွ မင်းတို့ကောင်တွေ ဘာသိလို့လဲ"
"အော်"
"အော်မနေနဲ့  တေဇာ ဘယ်လိုလဲ နေရတာ "
"ဟုတ် အဆင်ပြေပါတယ်"
"ဟုတ်ပြီ သော်ခန့် ပိုင်စိုး စိတ်ချမယ်နော် ငါ့ကောင်တို့"
"စိတ်ချပါ ဆရာ ကျောင်းဆရာလေးကိုသာ အပိုင်သိမ်းဖို့ အာရုံစိုက် ကျန်တာ ဒီတပည့်တို့တာဝန်သာထား"
"အိုခေဗျား"

အချစ်နဲ့တွေ့ရင် လူတိုင်းက ပြောင်းလဲ သွားတတ်ကြတယ်ထင်ပါရဲ့ ကာယံ မိမိအစ်ကိုအားကြည့်ရင်း ပြုံးမိသည်။
အရာအားလုံးအဆင်ပြေသွားပြီမို့ ချစ်ရသူဆီ အပြေးသွားတော့မယ်တဲ့လေ။
အဆင်ပြေပါစေလိုသာဆုတောင်းပေးမိသည်။ဘာရယ်မဟုတ် အပုလေးကိုလဲ သတိရမိသည်။ကိုယ့်ကို မုန်းသွာတယ်ထင်ပါရဲ့ စတောင်မစရသေးပဲ ဇာတ်သိမ်းသွားလေသလား အပုလေးရေ ကိုယ်ရော မင်းအချစ်ကိုရနိုင်ပါဉီးမလား ကိုယ့်အနေနဲ့ရော ကြိုးစားခွင့်ရှိပါသေးရဲ့လား ဘာပဲဖြစ်ဖြစ် ကိုယ်ကြိုးစားကြည့်ချင်သေးတယ် အပုလေးရေ။

"မင်းမြတ်"
"ဟင်"
"ငါလဲလိုက်မယ်"
"ဘယ်ကိုလဲ"
"မေရီလန်းကို"
"ဘာ"
"မေရီလန်းကို ငါလဲလိုက်မယ်လို့ "
"ဟ ဘာလိုက်လုပ်မှာလဲ မင်းက"
"မင်းကို စိတ်မချလိုကွာ"
"စိတ်ချ ငါ့ဟာငါသွားမယ် မင်းက ငါ့တာဝန်တွေယူပေးလေ"
"ဟာ လိုက်မယ်ပါဆို ဘာလုပ်စရာရှိလိုလဲ Project အသစ်ကလဲ ပြီးခါနီးပြီ သော်ခန့်ရှိတယ်လေ Hotelကလည်း သူ့ဟာသူလည်ပတ်နေတာပဲ ကျန်တဲ့ Marketတွေကလည် ဘာလုပ်စရာရှိလို့လဲ ပိုင်စိုးရှိသားပဲဟာကို အိမ်မှာလည်း တေဇာရှိတယ်လေ လိုက်မှာပဲ"
"မင်းဟာကလည်း မဟုတ်သေးပါဘူး တေဇာကို အိမ်မှာ တစ်ယောက်ထဲထားလို့ဖြစ်မလားဟ"
"ဖြစ်ပါတယ် ဆရာရယ် ခေါ်သွားလိုက်ပါ"
"ဟုတ်ပါတယ်ဆို အခုသွားမှာလား နေဉီး ငါအဝတ်တွေထည့်လိုက်ဉီးမယ်"
"ဟ ဟေ့ကောင် ကာကာ ကာယံမိုး"

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now