Part 27{U/Z}

1.1K 91 15
                                    

ဝေထူးတစ်ယောက် ယနေ့တော့ အလုပ်ပိတ်ရက်မို့ Marketတွေထဲဝင်ကာ ဟိုသည်လျှောက်ဝယ်နေမိသည်။ဝေထူး၏ အကျင့်သည် ဟိုစစဒီစစ တိုလီမိုလီလေးတွေလျှောက်ဝယ်ရတာမျိုးသဘောကျလေသည်။ထို့အပြင် ပန်းချီဆွဲရတာမျိုးလည်းသဘောကျသဖြင့် ပန်းချီပစ္စည်းလေးတွေပါ လိုက်လံရှာဖွေကာ ဝယ်ယူနေခြင်းပင် ယခုလည်း ရောင်စုံခဲတံလေးတွေနှင့် ပုံဆွဲစာအုပ်လေးတွေအနားမှမခွာနိုင်ဖြစ်နေပြန်လေသည်။

"ဟာ အကုန်လိုချင်နေတော့တာပဲ စောဝေထူးရေ ငတ်သေတော့မှာပဲကွာ"

"ကောင်လေး"
"အမလေး အမိုးရေ..."
"ဘုတ် ..."

ဝေထူး စာအုပ်လေးတွေကိုင်ကြည့်လိုက်ပြန်ချလိုက်နှင့် ဗျာများနေခိုက် မိမိအနောက်မှ ထွက်လာသော အသံကြီးကြောင့် လန့်ကာ စာအုပ်တွေပင် ပစ်ချမိသွားလေတော့သည်။
ထိုလူကတော့ ဝေထူးအား ကြည့်ကာရယ်နေပြန်လေသည်။

"ကျစ် ဘာရယ်တာလဲ ခင်ဗျား"
"မရယ်ပါဘူး"
"ဗြောင်လိမ်ဗြောင်စား"
"ဟေ့ မင်း ကိုယ့်Bossကို ဘယ်လိုဆက်ဆံနေတာလဲ"
"ဒါအလုပ်ချိန်လား"
"ဟမ်"
"ဒါအလုပ်ချိန်မဟုတ်တဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင်အချိန် လုပ်ငန်းခွင်ပြင်ပမှာ ဆရာကြီးစတိုင်လာမဖမ်းပြနဲ့ လစ်လိုက်တော့ ဘဲရီး"
"ဟ ဟားဟား မင်းကွာ"
"ရယ် ရယ် အဲ့မှာ သေအောင်သာရယ်နေလိုက်"

ကာယံမိုး မိမိအရှေ့ကကောင်လေးအား ကြည့်ကာ ရယ်နေမိသည်။တစ်ခါမှကိုမမြင်ဖူးပါ ဒီလောက်စွာတဲ့ ယောကျာ်းလေးကို အခုလဲကြည့် ဘယ်ဝန်ထမ်းက အလုပ်ရှင်ကို ကက်ကက်လန်ရန်တွေပါသလဲ လုပ်ငန်းခွင်ပြင်ပဆိုစေဉီးတော့ သူ့လိုတော့ ဘယ်သူကမှ ရန်မတွေ့ပါ အခုလဲကြည့် မျက်စောင်းတစ်ဒိုင်းဒိုင်းထိုးနေတာ နဂါးသာဆို အနားကလူပြာကျနေလောက်ပြီ...

"ဒီမှာ သူဌေးခင်ဗျ သွားစရာရှိတာသွားလေ ဒီမှာဘာရပ်လုပ်နေတာလဲ"
"အော် ကိုယ်လဲဝယ်စရာလေးရှိလို့ မင်းရော ဝယ်လို့ ပြီးပြီလား"
"အင်း ဒီမှာလေ ဒီ ပုံဆွဲစာအုပ်၂အုပ် ဘယ်ဟာလေး ယူရမှန်းမသိဘူး ၂ခုလုံး ကြိုက်နေရော"

မိမိအရှေ့မှာ စာအုပ်လေး နှစ်အုပ်အား ထောင်ပြကာ မျက်နှာလေး မဲ့နေသော ကရင်ကောင်လေးအား ကာယံမို့း အသည်းယားနေမိသည် ဖြူဖြူပုပုလေးနှင့် မျက်လုံးဖောင်းဖောင်းလေးက ကလေးပေါက်စလေးနှယ်။

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now