Part 43 {Z/U}

1K 56 11
                                    

အထုပ်အပိုးတြွေပင်ကာ အိမ်ရှေ့ခန်းချထားပြီး ကားတံခါးအားဖွင့်ကာ ကားထဲသို့ အခန့်သားဝင်ထိုင်နေသည်က အမောင်ဗိုက် တေဇာရယ်ပါ။
အထုပ်ပေါင်းသိန်းခြောက်သောင်းအား သယ်ကာ ကားထဲထည့်နေရသူက သော်ခန့်  မသိလျှင်ဖြင့် သော်ခန့်က သူ့ငယ်ကျွန်ကြီးလိုလို ကိုင်ပေါက်ချင်စိတ်က တစ်ဖွားဖွား သူ့အမြင်ကပ်လို့ ကိုင်ပေါက်ပြန်ရင်လဲ ဗိုက်ထဲက ကိုယ်တူလေးကို ထိမိဉီးမယ် ဟင်း တစ်ကယ်ကိုမလွယ်ပါဘူးဗျာ..." သားပေါက်ရေ မင်းမြန်မြန်ထွက်လာမှ အေးမှာပါကွာ။"

"ကိုကြီးတို့ကလည်းဗျာ ကြာလိုက်တာ မြန်မြန်လုပ်ကြပါဗျ"
"အေးပါဟ ရပြီ ရပြီ နာရီလဲကြည်ပါဉီး အခုမှ မနက်၅နာရီပဲရှိသေးတာလေ"
"စောလေကောင်းလေပဲဟာကို"
"အေးပါကွာ"
"ကိုကြီးပိုင်စိုးက တစ်ကယ်မလိုက်ဘူးပေါ့",
"အင်း အစ်ကိုလိုက်ရင် ဒီက အလုပ်တွေဘယ်သူလုပ်မလဲ ကဲပါ သွားကြတော့ စောစောသွားတော့ စောစောရောက်တာပေါ့ အစ်ကို ဖုန်းဆက်ထားတယ် မင်းတို့လာမယ်ဆိုတာကို လမ်းမှာ ရန်ဖြစ်မနေကြနဲ့နော်"
"ဟုတ်ကဲ့ပါဗျ"
"သော်ခန့်လေး ကားကို ဂရုစိုက်မောင်းနော် ဟိုရောက်ရင် အစ်ကို့ကို ဖုန်းဆက်နော်"
"အင်းပါ စိတ်ချ အစ်ကိုသာ အလုပ်တွေအရမ်းဖိလုပ်မနေနဲ့ နေနိုင်တဲ့သူတွေက အားယားနေတာ အစ်ကိုသာ အပင်ပန်းခံတာလျော့"
"အဟား ဟုတ်ကဲ့ပါဗျာ ကဲကဲ သွားကြတော့"
"ဟုတ် အစ်ကို"
"တာတာ့ ကိုကြီးပိုင်စိုး"
"အေးအေး ဂရုစိုက်ကြ"

""""""""""""
ရင်ခွင်ထဲ၌ နှစ်ခြိုက်စွာ အိပ်ပျော်နေသော ချစ်ရသူလေးအား မင်းမြတ်ငေးကြည့်နေမိသည်။မှေးမှိတ်ထားသော မျက်ခွန်လေးကဖောင်းအစ်လို့ မျက်တောင်တိုစိတ်စိတ်လေးတွေရယ် ခပ်မို့မို့ပါးပြင်လေးရယ် မကျဉ်းမကြယ်နဖူးလေးထက် ထိုးထောင်နေသော ဆံပင်အညိုလေးတွေ ဖူးနေသောနှုပ်ခမ်းလေး၌ အကြည့်တို့ရပ်တန့်သွားကာ ချစ်မဝလေး၏ နှုပ်ခမ်းလေးထက် အနမ်းလေးခြွေချလိုက်မိတော့သည်။
"ဟင်  အွန်းး အစ်ကို"
"အင်း နိုးပြီလား ကလေးလေး"
"အင်း နိုးပြီ"
"နိုးရင် ထကြစို့ နော်"
"ဟုတ်"

မနက်ခင်းအိပ်ရာနိုးချိန် ချစ်ရသည့် အစ်ကို့အား မြင်တွေ့နေရသည်က အိမ်မက်တစ်ခုလိုပါပေ။အစ်ကိုနဲ့အတူ ဘဝသံသရာတစ်ခုလုံး မတူလျှောက်လှမ်းရရင်ဖြင့် ရင်ငြိမ်းလောက်ပျော်ရွှင်ရသူ ဒီလောကမှာ ရှိမယ်ကို မထင်တော့ပါလေ...
နှစ်ဉီးသား တဘက်ကလေးတွေပုခုံးပေါ်တင်လို့ ရေစည်သို့သွားကာ သွားတိုက် မျက်နှာသစ်ကိုဟ်လက်သန့်စင်လိုက်ကြသည်။ထို့နောက် အမေရှိရာ မီးဖိုချောင်သို့သွားကာ အမေနှင့်အတူ မနက်စာစားလိုက်ကြသည်။

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now