Part 4 {Z/U}

2K 143 19
                                    


ရင်ငြိမ်းတို့အိမ်၏ ညစာ ထမင်းစားပွဲလေးတွင်တော့ မောင်ကံကောင်းလေး အသံက ခပ်စွာစွာထွက်နေလေသည်။ထမင်းစားရင်း စကားမပြောရဘူးဟု အမေက သင်ထားသော်လည်း ဘူးညွန်ကြော်ချက် ချက်သည့်နေ့တွင်တော့ မောင်ကံကောင်းက အမေ့စကားကို နားမထောင်တော့ပေ။ယခုလည်း ရင်ငြိမ်းစားရန်အတွက် ဘူးညွန်ကြော်ချက်လေးအား သူကိုယ်တိုင်ချက်ထားသည့်အကြောင်းကို ထမင်းဝိုင်းတွင်မနားတမ်းပြောနေလေတော့သည်။

"ရင်ငြိမ်း စားကောင်းသလား ငါချက်ထားတာလေသိလား အဲ့ဒီဘူးညွန့်ကြော်ချက်က ငါချက်ထားတာကွ"
"အွန်း အရမ်းကောင်း"
"ကောင်းရင် အကုန်သာစား"
"ကဲ သားကြီးရေ မင်းက သားရင်ငြိမ်းကိုပဲကျွေးတော့ အမေကဘာစားရမလဲ"
"အမေနဲ့ ကျွန်တော်က ဒီငါးပိစိလေးဟင်းနဲ့ စားရတာပဲဟာကိုဗျာ ဟော ဒီမယ် ငပိရည်လေးနဲ့ ကောင်းချက်ဗျား"
"အော် အေးပါဟယ်အေးပါ နင့်ရင်ငြိမ်းအတွက်ပဲ "
"ကျွန်တော်က ရင်ငြိမ်းကို ချစ်တာကိုးဗျ အမေရ"
"အေးပါဟယ် စားစား"

ထမင်းစားသောက်ပြီးချိန်တွင်တော့ အိမ်မကြီးအလယ်တွင် သားအမိသုံးယောက်ထိုင်ကာ ရေနွေးကြမ်းသောက်နေကြလေသည်။အစ်ကိုကတော့ ထုံးစံအတိုင်း ရေနွေးအိုးထဲကရေနွေးတွေကို ပန်းကန်လုံးထဲသွန်ထည့်တယ် ပြီးရင် ဘီစကစ်ထုတ်တွေကိုဖောက်ပြီး ထိုရေနွေးထဲကို ချေထည့်သည်။ထို့နောက်တော့ ထိုအရေပျော်နေသော ဘီစကစ်ရေနွေးဖျော်တွေကို စားပါတော့သည်။ပေါက်ကရတွေလျှောက်လုပ်စားတတ်တာက အစ်ကို့အကျင့်တွေပင်ဖြစ်လေမည်။

"သား ရင်ငြိမ်း"
"ဗျာအမေ"
"မနက်ဖန် တနင်္ဂနွေ မင်းဘုရားကျောင်းတက်ရမယ်မဟုတ်လား"
"ဟုတ်တယ်အမေ"
"ဘုရားကျောင်းက ဘာလဲအမေ"

ရေနွေးထွေထဲကို ဘီစကစ်မုန်တွေဖျော်ထည့်နေသည့် အစ်ကိုက အမေ့ကို မေးသည်မို့ အမေ့အစား ရင်ငြိမ်းကပဲဖြေပေးလိုက်သည်။

"ဘုရားကျောင်းဆိုတာ ခရစ်ယာန်ဘာသာဝင်တို့ ဘုရားဝတ်ပြုဆုတောင်းတဲ့ကျောင်းပေါ့အစ်ကိုရဲ့"
"အဲ့တာက ဘယ်လိုလဲ ငါ့ပြောပြလေ"
"အင်း အစ်ကို ဘုန်းကြီးကျောင်းကိုသိတယ်မဟုတ်လား"
"သိတယ်"
"အင်း အဲ့သလိုမျိုးပေါ့ အစ်ကိုရဲ့"
"ဒါဆို အမေသွားသလိုမင်းကသွားမှာပေါ့ဟုတ်လား ရင်ငြိမ်း ဟင် အမေက ဘုန်းကြီးကျောင်းသွားရင် ငါလဲလိုက်တယ်လေ ဘုန်းကြီးသင်ပေးတာလိုက်ဆိုရတယ်ကွ ပြီးရင် မုန့်တွေစားရတယ် အဲ့သလိုလား"
"အင်း ဟုတ်တာပေါ့"
"ဒါဆို ဒါဆို ငါလိုက်မယ်နော် ရင်ငြိမ်း ငါလိုက်မယ်နော် "
"ဘာလိုက်လုပ်မှာလဲ အစ်ကိုက"
"ဟာ မုန့်လိုက်စားမှာပေါ့ ပြီးရင် သင်ပေးတာလိုက်လုပ်မယ်လေ ငါ့ကိုခေါ်ပါဆို ငါလိုက်ချင်တယ်"
"မခေါ်ပါဘူး"

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now