Part 14{Z/U}

1.2K 104 9
                                    


မေရီလန်း အ.ထ.က၏ ပညာရည်ချွန်ဆုနှင်းသဘင်အခမ်းအနားကျင်းပသောနေ့သို့ရောက်ရှိလာခဲ့ပါပြီ။ကျောင်းသားမိဘများ နှင့် ကျောင်းသူကျောင်းသားများ၊ ရွာထဲရှိသူများ တာဝန်ရှိသူများနှင့်စည်ကားနေသော မေရီလန်းက အရင်နေ့များကထက်ပိုမိုကာ သက်ဝင်လှုတ်ရှားနေလေသည်။

ရင်ငြိမ်းတို့ဆရာ ဆရာများက မနက်အစောကြီး ကျောင်းသို့ရောက်အောင်သွားကြရမည်ပင်။ထို့ကြောင့် ၃နာရီလောက်ကတည်းက အိပ်ရာထကာ လုပ်စရာရှိတာများလုပ်ရသည်။အိမ်တွင်အတူနေကြသော ဒေါ်နုနုရင်နှင့် ကံကောင်းသည်လည်း ရင်ငြိမ်းနည်းတူ အိပ်ရာမှထကြရလေသည်။မိခင်ဖြစ်သူကတော့ မနက်စာအတွက် ပြင်ဆင်ပေးနေကာ ကံကောင်းကတော့ ရင်ငြိမ်းအနောက်တစ်ကောက်လိုက်ကာ ဟိုဟာဒီဟာနှင့် တွတ်စိထိုးနေလေသည်။

"ရင်ငြိမ်းလေး အေးတယ်နော် ရေမချိုးနဲ့ "
"ဟုတ်ကဲ့မချိုးဘူး ချမ်းလို့"

ကံကောင်း မနေ့ညမိုးချုပ်စက အနန့်လာပေးတဲ့ အထုပ်ကလေးကို ကိုင်ကာကိုင်ကာနှင့် ရင်ငြိမ်းလေးအနားရပ်နေလေသည်။မိမိဝယ်ပေးသည့် ဝတ်စုံလေးနှင့်မြင်ချင်လှပါပြီ။

ရင်ငြိမ်းမျက်နှာကရေတွေကို ပဝါလေးနှင့်သုတ်ရင်း ပြုံးလိုက်မိသည်။အစ်ကိုရယ်လေ အဝတ်ထုပ်လေးအား လက်ကတစ်ကိုင်ကိုင်နှင့် ဂဏာမငြိမ်ဖြစ်နေသည့်ပုံလေးက ရယ်ချင်စရာလေးဖြစ်နေလေသည်။ကျောင်းစိမ်းဝတ်စုံလေးနှင့် ကတ္တီပါဖိနပ်လေးအား အစ်ကိုက သူ့လုပ်အားခလေးနှင့် ရင်ငြိမ်းအတွက်ဝယ်ပေးသည်တဲ့လေ ရင်ငြိမ်းမှာ ပျော်လည်းပျော် ဝမ်းလည်းနည်းရသဖြင့် မျက်ရည်ကျခဲ့ရသည်။သူ့အတွက်ကျ ဈေးပေါသည့် အပေါ်ထပ်လေးတဲ့ ဒါပေမယ့် ငွေကပိုသည်ကြောင့် အနန့်က အစ်ကို့အတွက်ပါ အနွေးထည်ကောင်းတာလေးနှင့် ဖိနပ်လေးပါဝယ်လာပေးသည်တဲ့လေ။

"ရင်ငြိမ်းလေး ဝတ်တော့လေ ဝတ်တော့ ရော့ ရော့ အဝတ်တွေဝတ်တော့လေကွ"
"ဟုတ်ပါပြီဗျာ ဝတ်ပါ့မယ်အစ်ကိုရဲ့ ပေးပေးအထုပ်ပေး"
"ရော့ ဝတ်ထားနှင့် သွားရင်အဆင်သင့်စီးရအောင် ဖိနပ်လေးတွေ အိမ်ပေါက်ဝသွားထားလိုက်ဉီးမယ်နော်"

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now