Part 10{Z/U}သူခိုးႀကီးည၊သူခိုးကြီည

1.6K 110 6
                                    


"အမေ ကျွန်တော် အနန့်တို့အိမ်ခဏသွားချင်လို့"

အိမ်ရှေ့တွင်ထိုင်ကာ သင်အူခွာနေသော အမေ့အား ကံကောင်းလှမ်းအော်ပြောလိုက်သည်။
"ဘာသွားလုပ်မလို့လဲ ထမင်းစားချိန်ရောက်နေပြီလေ ကံကောင်း"
"သားသိတယ် ခဏပဲ အမြန်ပြန်လာခဲ့မယ်ဗျ"
"အေးအေး"
"အော် အမေ့ ခြံထဲမှာ ကွမ်းခြံက ဘောင်တွေမြေပြန်ခြစ်ပြီးသားနော်အမေ ကျွန်တော့အကုန်လုပ်ပြီးပြီ ကွမ်းအညွန့်ချည်တာကိုလဲ နေအေးမှလုပ်နေအမေ"
"အေးပါသားရယ် သွားမှာဖြင့်သွား အော် မာလကာသီးတွေ နင်းကန်စားမလာနဲ့နော် တော်ကြာနေ ဖင်ကွဲနေဉီးမယ် ငါ့သားရေ"
"ဟာ အမေကလည်းဗျာ မပြောပါနဲ့တော့ဆို ရှက်တယ်ဗျ သွားပြီဗျာ"

ရှက်ရမ်းရမ်းထွက်သွားသည့်သားအား ဒေါ်နုနုရင် လှမ်းကြည့်နေမိသည်။
"ရှက်သွားတာ ငါ့သားက အဟင်း"

အမေတစ်ယောက်ကတော့ ကံကောင်းမာလကာသီးစားပြီး ဖစ်တဲ့ကိစ္စကို သတိရတိုင်းအမြဲစသည်။ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲဗျာ လူတွေကြားရင် အရှက်တွေကွဲရချည်ရဲ့။

ကံကောင်းခပ်သွက်သွက်လမ်းလျှောက်လာချိန် အနောက်ကလှမ်းခေါ်သံကြောင့် ခေါင်းစောင်းကာအနောက်ကိုပြန်လှည့်ကြည့်လိုက်သည်။
"ကိုကြီးကံကောင်း ကိုကြီးကံကောင်းရေ"
"အေး စောလားဆေး ချော်လဲနေမယ်ဟ ဖြည်းဖြည်းလာစမ်းပါ"
"ဟဲဟဲ ကိုကြီးကို မမှီမှာစိုးလို့လေ အမလေး မောလိုက်တာ"
"ဘာလုပ်ဖို့လဲ ငါ့ပြောစရာရှိလို့လား"
"အခုဘယ်သွားမလို့လဲ"
"ထူးထူးတို့အိမ် လိုက်မလား"
"ငါလည်း အဲ့ဒီအိမ်သွားမှာ အစ်ကိုကံကောင်းနဲ့အတူသွားမယ် ပြီးတော့ပြောစရာလဲရှိတယ် ဟိုရောက်မှပြောမယ်"
"မင်းကလည်း ခုပြောတော့ဘာဖြစ်လို့လဲ "
"ဟိုရောက်မှပြောမယ်ပါဆိုဗျာ လာပါ မြန်မြန်သွားကြစို့"
"ပြီးရောကွာ"

ထို့နောက်နှစ်ယောက်သား သုတ်ချေတင်ကာ ထူးထူးတို့အိမ်ထဲသို့ဝင်ရောက်လာခဲ့တော့သည်။
"အနန့်ရေ ထူးထူးရေ ဝေ့ဖာထီးရေ "
"လာဟေ့ အနန့်တို့ခြံထဲမှာ ခုည မဲဇလီဖူးသုတ်စားကြမလို့ ခူးနေကြတာ လာခဲ့ကြ"
"လာကြ လားလား နဲ့ ကိုကြီးကံကောင်းပါ လိုက်လာတာလား"

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now