Part 29 {Z/U}

1.1K 72 2
                                    

"သားရယ် မသွားပါနဲ့လား အမေစိတ်မချဘူးကွယ်"

ရန်ကုန်သို့သွားကာ သားကြီးအား ရှာမည်ဟု ဆိုလာသည့် သားငယ်အား ဒေါ်နုနုယဉ် စိတ်မချပေ။စိတ်နှင့်ကိုယ် မကပ်သည့် သားအား မြို့ပြကြီးသို့ ဘယ်နည်းနဲ့များ စိတ်ချလက်ချ လွှတ်လိုက်ရပါမလဲ သားကြီးကဘယ်ဆီနေမှနိးလဲမသိ သားကြီးစိတ်က သားငယ်ကို မသိတော့ပြီမို့  မိမိသားလေး ဒုက္ခရောက်မည်ကို မိမိက ဘယ်နည်းနဲ့များ လက်ခံရပါ့မလဲလေ။

မိမိအား အတင်းကာရော တားနေသည့် မိခင်အား ရင်ငြိမ်းပြန်လည်ပွေ့ဖက်ထားရင်း ...

"စိတ်ချပါအမေရဲ့ ရင်ငြိမ်းအဆင်ပြေပါတယ် ဟိုမှာ ဝေထူးလည်းရှိနေတာပဲ ဘာမှစိတ်မပူနဲ့နော် သားလေ အစ်ကိုနဲ့အတူ ပြန်လာမယ်သိလား အမေ့သားကြီးကို သားပြန်ခေါ်လာခဲ့မယ်နော်"
"သားရယ် အမေ စိတ်မချဘူး အမေ့သားလေးကို ဟိုက လက်မခံရင် အမေ့ကလေး ခံနိုင်ရည်ရှိပါ့မလားကွယ် မသွားပါနဲ့သားရယ်"
"ဟင့်အင်း မရဘူး သားသွားမှာ အစ်ကို့ကို ရအောင်ရှာမယ် ရအောင်ပြန်ခေါ်မယ် အမေလည်းသိသားနဲ့ အစ်ကိုက သားကို အရမ်းချစ်တာလေ အမေရဲ့ အစ်ကိုမရှိရင်သား သေသွားလိမ့်မယ်ဗျ"
"တစ်ယောက်ထဲတော့ အမေနင့်ကို စိတ်မချဘူးရင်ငြိမ်းရယ် အမေပါလိုက်လို့ကလဲမဖြစ်ဘူး နေပါဉီး ထူးထူးကိုခေါ်သွား ထူးထူးနဲ့သွားမလား အမေ ထူးထူးကို သွားပြောပေးမယ်"
"ထူးထူးလိုက်မယ်ဆို ရတယ်အမေ ဘယ်လိုပဲဖြစ်ဖြစ် ရင်ငြိမ်းသွားရရင်ဖြစ်ပါတယ် အမေရယ်"
"အေး ဒါဆို အမေသွားပြောဉီးမယ် သားကထည့်စရာရှိတာထည့်ထားနော် ဒီနေ့တော့မသွားနဲ့ မနက်ဖန်မှသွားနော် သားလေး"
"ဟုတ်ကဲ့"

ရင်ငြိမ်းအခန်းလေးအတွင်းသို့ပြန်ဝင်ကာ ကျောပိုးအိတ်လေးထဲသို့ အဝတ်လေးတွေထည့်လိုက်သည်။ထို့နောက် အစ်ကို့ရဲ့ ဂျာကင်အနက်လေးနဲ့ဘောင်းဘီလေးကိုပါယူလိုက်ပြီး ရင်ခွင်ထဲပိုက်ကာ ထိုင်နေမိပြန်သည်။

'အစ်ကို ဘယ်နေရာကြည့်ကြည့် အစ်ကို့ပုံရိပ်တွေပဲ ရင်ငြိမ်းမြင်နေရတယ် အစ်ကို့ရယ်သံတွေပဲကြားနေရတယ် အစ်ကို့ဆီကလေ ရင်ငြိမ်းလေး ငါ့ကောင်လေး လို့ခေါ်သံကို ကြားချင်တယ် အစ်ကို ၊ရင်ငြိမ်း အစ်ကို့ကိုသိပ်လွမ်းတာပဲ အစ်ကိုရယ်
ရင်ငြိမ်းကိုတွေ့ရင် စိမ်းစိမ်းကားကားတော့မဆက်ဆံလောက်ပါဘူးနော် အဟင်း
ရင်ငြိမ်းလေး ဆိုပြီး ပြေးဖက်လေမလား အဟား
အစ်ကိုက ရင်ငြိမ်းနဲ့အတူနေစဉ်ကလို ခပ်စွာစွာပုံစံလေးလား ဒါမှမဟုတ် အရမ်းတည်ငြိမ်တဲ့သူဖြစ်နေမလား အို ဘာဖြစ်ဖြစ် ရင်ငြိမ်းကတော့ အစ်ကို့ကို ချစ်မှာပဲ
တွေ့ချင်လှပြီအစ်ကိုရယ်...'

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now