Part 16{Z/U}

1.3K 94 8
                                    


"အစ်ကို"
"ဟေ ဘာလဲဟ ရင်ငြိမ်းရ မင်းကလည်း ကျောင်းပိတ်လို့ ငါ့မှာအလွမ်းပြေပေမယ့် ငါ့ကောင်လေးက တော်တော်စကားများတာပဲကွာ"
"မဟုတ်ပါဘူး အစ်ကို့ကို မေးစရာရှိလို့ပါ"
"မေးမေး ဘာမေးမှာလဲ ဒီမှာ မာလကာပင်က စိုက်ဖို့သုံးပင်ပဲကျန်တော့တာ ကူလဲမလုပ်ပဲနဲ့ စကားပဲများနေတယ်"
"အစ်ကိုပဲ ရင်ငြိမ်းလေးလက်က မြေဖြူတို့ဘောပင်တို့ကိုင်တဲ့လက်ကလေး နုနုညံ့ညံ့လေး ဓားတွေ ပေါက်တူးတွေမကိုင်နဲ့ဆို သူပဲပြောပြီးတော့ အခုမှ လူကို အပစ်လာပြောနေတယ်"
"ဟော ဗျာ"

ကံကောင်း လက်ထဲက မြေကျင်းတူးနေတဲ့ သံတူရွှင်အားမြေပေါ် ပစ်ချကာ ရင်ငြိမ်းထိုင်နေတဲ့ သရက်ပင်ခြေရင်း အတူသွားထိုင်လိုက်ပြီး ရေနွေးအိုးကိုယူကာ ရေနွေးတစ်ခွက်ငှဲ့ကာ သောက်လိုက်သည်။ထို့နောက် ကျောင်းဆရာ လက်ပေါက်ကပ်လေးပုခုံးအားမှီကာ နေလိုက်သည်။

"ဖယ်စမ်း လာမမှီနဲ့ သွား အရိုးပျော့လိုလာလုပ်မနေနဲ့"
"လုပ်တော့ဘာဖြစ်လဲကွာ"
"မမှီနဲ့ ရင်ငြိမ်းက အစ်ကို့အတွက် ကူဖော်မရတဲ့သူ စကားများတဲ့သူလေ"
"အဲ့ဒီတော့"
"အဲ့ဒီတော့ ခင်ဗျားကြီးက ရင်ငြိမ်းကို စိတ်မရှည်ဘူးမဟုတ်လား မချစ်တော့ဘူးမဟုတ်လား "
"ဘယ်သူပြောလဲ"
"မသိဘူး"
"ဒီမယ် ဆရာလေး စကားတတ်တိုင်းလျှောက်ပြောမနေပါနဲ့ဗျ ဒီလူချောကြီးက မင်းမချစ်လို့ ဘယ်သူ့သွားချစ်ရမှာလဲလို့ ဟင် ပြောပါဉီး "
"မသိဘူးဗျာ"
"အားး ပင်ပန်းလိုက်တာကွာ အားတွေတောင်မရှိတော့ဘူး အားဆေးလေး ပေးမယ့်သူကလည်း ဟင်း ပေးချင်ရဲ့လားမသိပါဘူးဗျာ"
"မပေးချင်ပါဘူး ဒီတော့ စိုက်စရာရှိတာဆက်စိုက်လိုက်ပါနော် မောင်ကံကောင်း အမေက သူ့အမျိုးတွေဆီအလည်သွားတာဆိုတော့ ၃ရက်လောက်နေမြှပန်လာလိမ့်မယ် ဒီတော့ ရင်ငြိမ်းလေးက ထမင်းချက်တာဝန်ယူရမှာပါ သွားပြီနော် ထမင်းသွားချက်တော့မယ်"
"ရုပ်လေးနဲ့မှ မလိုက် စိတ်ပုတ်ချက်က ငါ့နီးနီးပဲ ဟဟားးး"
"ဖြစ်ရမယ်"

မီးဖိုဆောင်ထဲဝင်သွားသည့် ရင်ငြိမ်းလေးအား အနောက်ကနေ ပြေးပြီးတော့သာ တင်ပါးကို ၂ချက်လောက်ရိုက်ပစ်လိုက်ချင်သည်။

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now