Part 45 {Z/U}

1.4K 49 6
                                    


မပြေလည်မှုတွေအားလုံး အဆင်ပြေသွားကြပြီမို့  ကံကောင်းနှင့်ကာယံလည်း သက်ဆိုင်သူတို့နှင်အတူနေကြလေပြီ အမောင်ဗိုက်နှင့်သော်ခန့်တို့ကတော့ ကံကောင်းနှင့်အတူ ဆရာလေးတို့အိမ်တွင်သာလိုက်နေကြသည်။
ယခုလည်း အမောင်ဗိုက်တစ်ယောက် ဗိုက်ကြီးကော့လန်ကော့လန်နှင့် လမ်းမပေါ်တက်ကာ လာသမျှတွေ့သမျှလူကို သွားဖြီးကာ တစ်ဟီးဟီးရယ်ပြနေပြန်သည်။
လမ်းပေါ်ထွက်တာ အကောင်းတော့မဟုတ်  ရွာထိပ်က ဂွေးသီးပင်ကနေ ဂွေးသီးအမှည့်သွားကောက်သည့် ကလေးများထံမှ ဂွေးသီးတောင်းစားရန် ထွက်စောင့်နေခြင်းပင်။

"တေဇာလေး ဘာလုပ်နေတာလဲ လမ်းပေါ်မှာ"
"အဟီး ရင်ငြိမ်း လာလာ "
"အိမ်ထဲဝင်မယ်လေ တေဇာရဲ့"
"နေပါဉီး ရွာထိပ်ကဂွေးပင်မှာလေ ကလေးတွေဂွေးသီးသွားကောက်တယ် အဲ့တာ စားချင်လို့ စောင့်နေတာ ဒါနဲ့လေ ဟို အစ်ကိုကြီးတို့ကို ပြန်မတိုင်နဲ့နော် ရင်ငြိမ်း"
"တည့်လို့လား တော်ကြာနေ ဗိုက်တွေအောင့်နေမြှဖင့် ဘယ်နှယ့်လုပ်မလဲ"
"မဖြစ်ပါဘူးဆို ကျောင်းဆရာရယ် သိပ်ဆရာတတ်တာပဲ သွားသွား အိမိပေါ်မှာ ခင်ဗျားလင်စောင့်နေတယ် သွားတော့"
"မတည့်ရင်လေ"
"တည်ပါ့တယ်ဆိုမှပဲ သွား သွား"
"အင်းပါ တစ်ယောက်ထဲမစားနဲ့နော် "
"အတူစားမှာလား အင်း ဟီးဟီ"

မင်းမြတ် ကာယံ နှင့် သော်ခန့်တို့ အလုပ်ကိစ္စများအားတိုင်ပင်နေသည်မှာ အချိန်မည်မျှပင်ကြာသွားသည်မသိ အမွှေစိန်ဗိုက်ဗိုက် ချစ်လှစွာသောကျောင်းဆရာလေး နှင့် မောင်ဝေထူးတို့ ငြိမ်နေကြသည်ကို ခုမှသတိရသွားကြတော့သည်။

"အစ်ကိုလေး ဟိုသုံးယောက်လေ ငြိမ်ချက်သား ကောင်းနေကြပါ့လား"
"အေး ဟုတ်တယ်ဟ"
"လာလာ မီးဖိုချောင်ထဲ သွားချောင်းကြမယ် သုံးယောက်စုံရင် ပေါက်ကရတွေလုပ်လွန်းလို့ကွာ"

အိမ်ပေါ်မှသုံးယောက်အား သတိမထားမိသော မီးဖိုထဲက သုံးယောက်မှာတော့ ငံပြာရည် ငြုပ်သီးမှုန့်တွေနှင့်နယ်ထားသော ဂွေးသီးဇလုံကြီးအား အလယ်တွင်ချကာ တစ်ရှူးရှူးတစ်ရှဲရှဲနှင့် အပြီပြင်ကိုတွယ်နေကြလေတော့သည်။

"ရှူး မစားရတာကြာပြီ ဟားဟူးး ကောင်းနေရော"
"အမ်း ကိုဝေထူး ဟူးး နောက်နေ့ရော စားမယ်နော်"
"တော်ရုံ ဟူးး တော်ရုံပဲ ရှူး စားပါ တော်ကြာနေ တေဇာ ဗိုက် ရှူး ဗိုက်နာလိမ့်မယ်"
"ဘာမှ ဟူး မဖြစ်ပါဘူးဆိုနေ ကျောင်းဆရာကလည်း စားစား"

မေတ္တာတရားတို့ဖြင့် နှောင်ဖွဲ့သော ချစ်ခြင်းWhere stories live. Discover now