2

1.7K 244 17
                                    

ထုတ်ကုန်မိတ်ဆက်ပွဲတစ်ခုသို့ ရောက်နေသော Jungkook သာ် လက်ရှိခံစားချက်ကို ပြောပြပါဟူ၍ မေးလာလျှင် သူတော်တော်ပျင်းနေရပြီဖြစ်သည်..
အမှန်အတိုင်းပြောရလျှင် ထိုပွဲရှိလူတစ်ချို့သည် ဟန်ဆောင်ပန်ဆောင် ချီးကျူးပြနေကြပြီး တစ်ချို့သည်ပင်လျှင် လှောင်ပြောင်ချင်သူများရှိကြသည်..

သူ့အား ဘာမှပြန်မသိသော သူဟုပင် ထင်နေကြသလားတော့မသိပါ.. ဘေးနားမှ Hobi Hyung ကတော့ ကျနော်နဲ့ မတူညီစွာပဲ လူအများအား ပြုံးပြလျက်ရှိနေသည်... ဘေးပတ်ဝန်းကျင်အား မျက်စိရှင်ရှင်ထားပြီး ပတ်ဝန်းကျင်အခြေအနေကိုပါ စစ်ဆေးနေရသည်

သည်းခံပြီး ထိုင်ရတာ ကြာလာသည်နှင့်အမျှ Jungkook သည်းခံနိုင်စွမ်းကုန်ကာ မတ်တပ်ထရပ်လိုက်တော့သည်

"Yahhh.... ဘယ်သွားမလို့လဲ"

ထရပ်လိုက်သည်နှင့် ချက်ချင်း Hobi Hyung ၏ အကြည့်တို့သည် Jungkook အပေါ်သက်ရောက်သွားခဲ့သည်

"Toilet သွားမလို့... ဘာလဲ Hyung ကလိုက်လာဦးမလို့လား...တစ်ယောက်ထဲသွားလို့မရဘူးလား"

"ဟူး...ဒီကောင်လေးကတော့ "

"တော်ပြီ... သွားလိုက်ဦးမယ်"

ကျောခိုင်းလိုက်သည်နှင့် နှုတ်ခမ်းထက်ပေါ်
လာသောအပြုံးတစ်ခါကို Hobi မသိနိုင်ခဲ့ပေ...
Hall ခန်းတစ်ဝက်လောက်ထိ ပုံမှန်နှုန်းနှင့်လျောက်နေခဲ့ပေမယ့် ခပ်လှမ်းလှမ်း ဖြစ်လာသောအချိန်တွင် Jungkook ခြေလှမ်းတို့အား အရှိန်တင်လိုက်လေသည်
အနောက်သို့တစ်ချက်လှည့်ကြည့်သော် မိမိအနောက် တစ်စုံတစ်ယောက်မှ လိုက်မလာသောကြောင့် ပို၍ ဝမ်းသာသွားခဲ့ရသည်
ထို့နောက် ခန်းမ အပြင်၌ အသင့်ယူလာသော Hoddie အား ဝတ်ရင်း ဘယ်ဆက်သွားရမလဲဆိုသည့်အတွေးနှင့် သွားနေစဥ် တစ်စုံတစ်ယောက်အား ဝင်တိုက်မိလေတော့သည်

"Sorry"
Jungkook ခပ်မြန်မြန်ပင် တောင်းပန်လိုက်ပြီး မည်သူမျှမသတိထားမိခင် ဒီနေရာမှ ထွက်သွားရန် ကြိုးစားနေသည်... သို့သော် ထိုတိုက်မိသော လူစိမ်းက မိမိအကြံအား အနှောက်အယှက်ဖြစ်စေကာ Jungkook ၏ လမ်းကို ပိတ်ရပ်လိုက်သည်

"Aishhh.... ဘာလဲဗျာ"

စိတ်ရှုပ်သွားဟန်နှင့် Jungkook ထိုလူအားမေးခွန်းထုတ်လိုက်သည်

Guardian (Translation Fic) CompletedWhere stories live. Discover now