32

1.5K 199 40
                                    

"Hyung.. အားလုံးအဆင်ပြေရဲ့လား!!"

ခွဲစိတ်မှုအပြီး နောက်တစ်ရက်တွငိ သတိရလာသော Jungkook သည် နေကောင်းကာစမို့ ဖျော့တော့တော့ပုံစံဖြစ်နေသေးသည်

"အင်း!!"

Hobi.jungkook အားမကြည့်ပဲ ပြန်ဖြေလိုက်သည်

"အကုန်လုံးအဆင်ပြေပါတယ်...ဘာလဲဘာဖြစ်လို့လဲ!!!"

"သေချာလား!!"

"တကယ်ပြောတာပေါ့...အခုဆို မင်းလည်းပြန်သတိရလာပြီ...အဲ့တော့အကုန်လုံးကပျော်နေရတာပဲလေ..ပြီးတော့ ဟို အရူးကောင်ကိုလည်းဖမ်းထားပြီးပြီပဲလေ!!!"

hobi ဖြေသာဖြေနေပေမယ့် Jungkook အားအခူထိမကြည့်သေး... အဝတ်များကိုသာခေါက်ရငိး ကုတင်ခြေရင်းတွင်တင်နေတော့သည်

"ဒါဆိူဘာလို့ Hyung က ကျနော့်မျက်နှာကို တစ်ချက်လေးတောင်မကြည့်သေးတာလဲ!!!"

"မင်းဘာတွေပြောနေတာလဲ!!"

hobi ခဏလောက်မော့ကြည့်လိုက်တော့ အရိပ်အကဲခတ်နားလည်လွယ်သည့်Jungkook က

"Hyung!!"

"Jungkook ah... မင်းအနားယူနေသင့်တာ ဒီအချိန်က.... နားလိုက်ဦးလေနော်!!!"

"Jin ဘယ်မှာလဲ!!"

Jungkook ရဲ့ အမေးတွင် Hobi ဖုန်းကိုသာ ငုံ့ကြည့်နေလိုက်သည်

"ah... သူတစ်နေရာရာမှာနေမှာပေါ့.... မင်းဘာမှမလိုဘူးလား... တစ်ခုခုငါယူ...!!"

"Hyung!!!"

"ရေ..ရေသောက်မလား !!"

Hobi စင်ပေါ်မှ ရေဘူးကိုသာ အပြေးသွားယူရန်ကြံတော့သည်

"Hyung!!!!"

Jungkook အသံကို မြင့်ပြီးအော်ခေါ်လိုက်တော့မှ

"ငါမသိဘူး...ဟုတ်ပြီလား...သူဘယ်မှာလဲဆိုတာ ဘယ်သူမှလည်းမသိကြဘူး!!!!"

"What!!!!"

Jungkook လှဲနေရာမှပင် ထိုစကားကြောင့် ထထိုင်ရန်ကြိုးစားတော့သည်

"ငါတို့သူ့ကို ရအောင်ရှာပေးပါ့မယ် Jungkook... ကတိပေးပါတယ်..ရအောင်ရှာပေးမယ်လေ!!"

jungkook အိပ်ရာမှ မထလာစေရန် hobi ပြေလည်ရာပြေလည်ကြောင်း ချော့ပြောနေရသည်

Guardian (Translation Fic) CompletedWhere stories live. Discover now