5

1.8K 246 20
                                    

"Hyung!! Hyung သာဆိုရင်ရော ကိုယ့်အရှေ့မှာ လူတစ်ယောက်လုံးကို သတ်တော့မယ်ဆိုတာ သိရက်နဲ့ ဒီအတိုင်းရပ်ကြည့်နေမှာလား...  မကူညီတော့ဘူးလား Hyung ပြောကြည့်"

Jaebum သူ့အား မေးခွန်းထုတ်လာသညိ့Jin ကို တစ်ချက်ကြည့်ကာ *ငါ့ကို အကျပ်ရိုက်တဲ့မေးခွန်းတွေ မေးပြန်ပြီ* ဆိုသော အကြည့်ဖြင့်ကြည့်လိုက်သည်

Namjoon သည် Jin ရပ်နေသည့်နေရာနှင့် ခြေတစ်လှမ်းအကွာတွင်ရပ်နေပြီး Jaebum ဖုန်းဆက်ခေါ်သဖြင့် ရုံးချုပ်ရှိ ရုံးခန်းထဲသို့ ရောက်နေကြခြင်းဖြစ်သည်

Jin တစ်ယောက် အပြစ်ကာကွယ်သည့်သဘောဖြင့် ဖြေရှင်းကာပြောနေသော်လည်း ပြသနာရှာထားသည့် အတွက် ထိတ်လန့်နေသူမှာ Namjoon ပင် ဖြစ်သည်... Jaebum ၏ အကြည့်မှလွဲ၍ နေရာစုံအောင် ကြည့်နိုင်သော်လည်း Jaebum အား မကြည့်ရဲပေ..

"ရပါတယ်..မင်းက လူ့အသက်တစ်ချောင်းကို ကယ်ခဲ့တာပဲ"

Jaebum သက်ပြင်းသဲ့သဲ့ချကာ နှုတ်ခမ်းတို့က ပြုံးယောင်သန်းလျက် ပြောလာလေသည်

"Wait!! what? Hyung ဒါပဲလား.."

Jaebum က မဆူသည့်အပြင် သူ့ဘက်ကနေ ရပ်တည်ပြီးပြောနေသည့်အတွက် Jin မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်

"ဟုတ်တယ်... အဲ့တာပဲ သူပြောတာ"

အနောက်မှ ရပ်နေသည်​့ Namjoon ဆီမှ အခုမှပင် အသံကြားရတော့သည်

"မင်း... မင်းက သူ့အနောက်ကနေပဲဖြစ်ဖြစ် ကူညီပေးရမှာမဟုတ်ဘူးလား... ရပ်ကြည့်နေရမှာမဟုတ်ဘူးလေ.."

ဒီတစ်ခါတွင်တော့ Jin အားပြောသည့်လေသံနှင့်မတူပဲ လေသံမြင့်ကာ Namjoon အားဆူလေသည်

"Ahhh!! Hyung ရယ် ဖြစ်သွားတာက ရုတ်တရကိကြီးဆိုတော့ ကြောင်သွားတာပါ... နောက်တစ်ခါဆိုရင်တော့ အဲ့လိုမဖြစ်စေရပါဘူး... နောက်တစ်ခါဆိုတာလည်း ရှိချင်မှရှိမှာပါ..ကျနော်ဆိုလိုတာ Hyung နားလည်တယ်မလားဟင်"

Namjoon သူ့စကားနှင့်သူ လည်နေပြီး ခေါင်းကုတ်ကာသာ ဖြေနေမိသည်... Namjoon အဖြစ်အားကြည့်ပြီး ကျိတ်ရယ်နေသော Jin ကြောင့် Jaebum လည်း ပြောစရာပျောက်ရှသလို ခေါင်းသာခါနေလိုက်တော့သည်

Guardian (Translation Fic) CompletedWhere stories live. Discover now