33

2.3K 218 74
                                    

နေဝင်ချိန်နဲ့ ကမ်းခြေ..... ရောင်ခြည်ပက်ဖြန်းထားတဲ့ ကောင်းကင်.... ထိုအလှတရားကို ငေးမောကြည့်နေတဲ့ Jin...
နေလုံးကြီး တစ်နေ့တာ တာဝန်ပြီးဆုံးသည်နှင့် ပင်လယ်ထဲသို့ တိုးဝင်တော့မည့်ပုံသည် ကြက်ဥ အနှစ်ကြီးနှငိ့တောင်တူနေသည်ဟု တွေးထင်မိသည်..

သူ့အတွေးအားသူရယ်မိပြီးခေါင်းလေးခါကာ ထိုအတိုင်းဆက်ထိုင်ကြည့်နေမိသည်
အတိတ်...ငြိမ်းချမ်းမှုမရှိခဲ့တဲ့နေ့ရက်တွေ...လှပခြင်းနည်းတဲ့နေ့တွေကို မေ့ပျောက်နိုင်ဖိူ့ ဒီနေရာ...ဒီရှုခင်းတွေက အနည်းဆုံးတော့ စိတ်သက်သာရာရစေခဲ့သည်

"အဆင်ပြေသွားမှာပါ...မနက်ဖြန်ဆိုတာလည်း ဒီနေ့လိုပဲမို့..ဒီအတိုင်းအဆင်ပြေသွားမှာပါ!!"

ထို့နောက် အတွေးတချို့ဝင်လာချိန်တွင် အပြုံးတို့က ပျောက်ရှရပြန်သညိ..
သက်ပြင်းတစ်ချက်ချလိုက်ရင်စ အနီးနားရှိ ကျောက်ခဲလေးများကို ကန်နေမိသည်... ထို့နေုက် အသက်ကိုရှုလိုက်ထုတ်လိုက်ပုံမှန်လုပ်နေရငိး အတွေးတို့ကိုရပ်တန့်ရပြန်သည်
ဒါသည် သူ့၏ တစ်နေ့တာ လုပ်ဆောင်ချက်ထဲကတစ်ခုပေါ့..နောက်တစ်ခုကတော့ အိမ်က သဲအိတ်လေးပေါ်ထိုးရင်း စိတ်ဖြေဖျောက်ခြင်း

Jin သဲသောင်ပြင်ပေါ်တွင်ထိုင်ချလိုက်ပြီး ကြက်ဥအနှစ်နဲ့တူတဲ့နေလုံးကြီးကိုသာထိုင်ကြည့်နေလိုက်သည်.... လေအေးတချို့က တိုက်ခတ်နေတာကြောင့် လက်လေးကိုလညိးပိုက်ထားမိသည်..ထို့နောက် အတွေးတို့တွင် ထပ်ဝင်လာသည်က ဒီအချိန်ဆိုရင် Jungkook ရောဘာလုပ်နေမလဲဆိုတဲ့အတွေးပေါ့...

Jungkook အကြောင်းတချို့ကိုတော့ အဖေ့ကိုမေးရင် ပြောပြလေ့ရှိတယ်...သူမမေးရင်တော့ အဖေကလည်းမပြောပေ... ဘာပဲဖြစ်ဖြစ် Jungkook က သူ့ထက် သန်မာတဲ့သူတစ်ယောက်ပါ အခုဆိုသူလည်းအဆင်ပြေနေလောက်ရောပေါ့... *အကယ်၍များ....* ဆိုတဲ့ မေးခွန်းတွေလည်း ထပ်မမေးမိအောင် နေနေမိသည်

နေဝငိသွား၍ ငှက်တို့၏ အိပ်တန်းတက်ချိန်တွင် ဘေးဘီဝဲယာတွင်ရှိနေသည်က စုံတွဲတွေ... စုံတွဲတွေကိုအချိန်တိုငိးတွေ့ရသညိ...တွေ့ရတိုင်းလည်းစိတ်တို့က Jungkook တစ်ယောက်ဆီတွင်သာ...

Guardian (Translation Fic) CompletedWhere stories live. Discover now