19

1.5K 216 45
                                    

"Jungkook စိတ်လျော့စမ်းကွာ!!"

"စိတ်လျော့ရမယ်ဟုတ်လား!!.. Hyung တော်ပြီဗျာ ကျနော်ပြန်တော့မယ်!!"

"No!! မင်းပြန်လို့မရဘူးလေ!!"

"ဘယ်သူကပြောလဲ!!"

အခန်းထဲသို့ပြန်ရောက်ကတည်းက Jungkook တစ်ယောက် ဒေါသကြောင့် တရှုးရှုးဖြစ်နေရသည်

"Jungkook.. ငါတို့မှာရွေးချယ်စရာမရှိဘူးလေ!"

"ဒါပေါ့ ရွေးချယ်စရာမရှိဘူး...အဲ့တာကြောင့် ဒီ project ကိုဆက်မလုပ်နိုင်ဘူး.. ဒါက ကျနော့်ရဲ့ သဘောထားပဲ!!"

"ဒီတစ်ခါကိစ္စက CEO နဲ့ တိုက်ရိုက်ပြောရမှာနော် မလွယ်ဘူး Jungkook... ဒီအတိုင်းပြန်သွားရင် အခန့်မသင့်ရင် မင်းကို Blacklist ထဲပါ ထည့်ပစ်လိမ့်မယ်!!"

"အဲ့တော့ရော..ဘာဖြစ်လဲ.. ကျနော့်ဘာသာ solo လုပ်မှာပေါ့..ကျနော့်အနားမှာ Hobi hyung တစ်ယောက်လုံးရှိနေတာပဲကို!!"

Jungkook အိတ်ကိုဖွကာ တစ်ခုခုရှာနေရင်းပြောလာသည်

"Jungkook အဲ့လောက်မလွယ်ဘူးလေ..ငါပြောတာနားထောင်စမ်းပါ"

Hobi jungkook လက်အား ဆုပ်ကိုင်လိုက်ရင်း

"သူတို့နဲ့ လက်တွဲဖြုတ်လိုက်ရင် ငါတို့ကို company က တရားစွဲမှာပေါ့ စာချုပ်မှာပါပြီးသားလေ.. မှတ်မိတယ်မလား!!"

"သေလိုက်ပါတော့ကွာ!!!"

"အဲ့တာငါတို့ရဲ့အမှားပဲ အတူတူလုပ်ရမယ့် Artist ကဘယ်သူဆိုတာ မကြည့်ခဲ့မိတာ ငါတို့အမှားပဲ! !"

စိတ်ရှုပ်ထွေးနေသော jungkook အားကြည့်ရင်း Hoseok ပြောလိုက်သည်

"တကယ်ပဲ ကျနော်တို့မှာ တခြားနည်းလမ်းမရှိတော့ဘူးလား Hyung!!"

"တစ်ခုတော့ရှိတယ်!!"

"Huh??!!"

"ဒီproject ကို မြန်မြန်လုပ်ပြီး ဒီကနေ မြန်မြန်ပြန်ရဖို့ပဲ!!"

Hoseok စကားကြောင့် Jungkook သက်ပြင်းချကာ

"အဲ့တာက အဲ့လောက်မလွယ်ဘူးထင်တယ် Hyung!!"

"Jungkook... Hyung ကိုကြည့်... မင်းအကောင်းဆုံးလုပ်နိုင်တယ် ဟုတ်ပြီလား.. လုပ်ကြစို့!!"

"ဒါဆို Hyung က ကျနော့်ကို စိတ်အနှောက်အယှက် ပေးရတာ ပျော်နေတဲ့ကောင်ရယ် ပြီးတော့ ကျနော်ကို လူဆိုးတစ်ယောက်လိုမြင်ပြီး မုန်းနေတဲ့သူရယ်နဲ့ အလုပ်တွဲလုပ်စေချင့နေတာပေါ့!!!"

Guardian (Translation Fic) CompletedWhere stories live. Discover now