13

1.5K 219 44
                                    

"တကယ်လုပ်ချင်တယ်ဆိုတာ သေချာရဲ့လား Jungkook!!"

"ကျနော်က Hyung လိုကြောက်တတ်တဲ့သူမှမဟုတ်တာ လုပ်ရဲပါတယ်"

"မင်းမကြောက်တတ်မှန်းငါသိပါတယ် ဒါပေမယ့် အခုဟာက မင်းရဲ့ ပထမဆုံး stunt လေ.. တစ်ခုခုဖြစ်မှာငါစိုးရိမ်တာပေါ့လို့!!"

"Hyung... စိတ်အေးအေးထား ဟုတ်ပြီလား!!"

"အခုအချိန်မှာတော့ မင်းစိတ်အေးအေးထားခိုင်းလည်း ငါထားနိုင်မယ်မထင်ဘူး.. ငါမင်းကို ထိခိုက်မှာပဲစိုးရိမ်တာ!!"

စိတ်မအေးနိုင်ဖြစ်နေသော Hobi ခေါင်းလေးငိုက်စိုက်သွားခဲ့ရသည်
"Hyung ကျနော်ဘာမှမဖြစ်ဘူးဟုတ်ပြီလား.. ပြီးတော့ အခုလို သေးသေးလေးတွေကအစ အတွေ့အကြုံယူထားမှ ပိုပြီးအောင်မြင်မှာပေါ့.. Hyung ကလေ ဘယ်အချိန်ပဲဖြစ်ဖြသ် ကျနော့်ဘက်ရှိပေးလို့ ကျနော်ဘယ်လောက်ကျေးဇူးတင်ရလဲ.. ကဲပါ ကျနော့်ရဲ့ mood တွေပျောက်ကုန်တော့မှာပဲ!!"

Jungkook Hobi မျက်နှာလေးအားမော့ကာ ဖက်ပေးထားရင်း ပြန်နှစ်သိမ့်ပေးနေရသည်
.
.
.
"ဒီတစ်ခါ လူသစ်က ဘယ်သူလဲ!!"

Director မှ လက်ထောက် Director အားမေးလိုက်သည်

"အဆိုတော်ကောင်လေးပါ... သူ့ရဲ့ မန်နေဂျာက ဒီကားမှာ တစ်scence လောက် ပေးပါဖို့ တောင်းဆိုတာနဲ့ ထည့်ပေးလိုက်တာ "

"အင်း... ထွေထွေထူးထူးတော့မရှိဘူးမလား... တစ်scence ထဲနဲ့ ပြီးတာပဲလိုချင်တယ် အဲ့ကောင်လေးကြောင့်တော့ အချိန်မပုတ်ချင်ဘူးနော်!!"

"ဟုတ်ကဲ့ ဆရာ.."
.
.
.
.
"ဆရာရေ.. ကျနော်တို့ ပြသနာတစ်ခုဖြစ်နေလို့!!"

stuntman တစ်ယောက်မှ စိုးရိမ်တကြီးဖြင့် producer ထံသို့ အပြေးလေးလာပြောသည်

"ဘာဖြစ်တာလဲ!!"

"safty wire ကလေ နှစ်ကြိုးမှာ တစ်ကြိုးက အခြေအနေသိပ်မကောင်းလို့!!"

"အဲ့ဒီတော့!!"

ထိုလူသည် ဖုန်းကြည့်နေရာမှမပြတ်ပဲ အာရုံစိုက်ပုံမပေါ်ပြီးပြီးရောပြန်မေးနေသည်

"အဲ့တာ ဒီနေ့က ရိုက်ရမယ့်scence မှာ သုံးရမှာက နှစ်ယောက်ဆိုတော့...."

Guardian (Translation Fic) CompletedWhere stories live. Discover now