9

1.4K 212 19
                                    

မနက်ခင်း Coffee သောက်ပြီးနောက် Jungkook ရုံးခန်းရှိရာသို့ Jin ထွက်လာခဲ့တော့သည်
ထိုစဥိ Jungkook ရုံးခန်းသို့ သွားရာလမ်းရှိ အခန်း၏ တံခါးရှေ့၌ Hoddie ဝတ်ထားသော အရပ်ရှည်ရှည်လူတစ်ယောက်သည် အခန်းတံခါးဘောင်အားမှီကာ ရပ်နေလေသည်

"Urggg!!! စောစောစီးစီးကို မတွေ့ချင်တဲ့သူနဲ့တွေ့ရပြန်ပြီ!!"

ထိုလူအား Jin တွေ့လိုက်သည်နှင့် ရှေ့မဆက်လျောက်တော့ပဲ နောက်ကြောင်းပြန်လှည့်ကာ တစ်ကိုယ်တည်းရေရွတ်နေတော့သည်

"Yah!!! ကို တွေ့တယ်နော် ပြန်လာခဲ့!!"

Deep voice ပိုင်ရှင်မှ လှည့်ထွက်လာသော Jin အား အနောက်မှ အော်ခေါ်နေတော့သည်
ထို့ကြောင့် jin အော်ခေါ်နေသော Kim Taehyung အား တစ်ချက်လှည့်ကြည့်လိုက်သည် မျက်နှာရိပ်ကိုပင် အကဲခတ်၍ မရအောင်ပင် Kim Taehyung သည် တည်ကြည်လွန်းစွာနေလေသည်

"မင်းဒီမှာဘာလုပ်နေတာလဲ!!"

"မင်းကို့ကိုတွေ့လို့ပြန်လှည့်သွားတာမလား!!"

Jin သူလှည့်လာတာကို မြင်လိုက်တဲ့ Taehyung ကြောင့် ဘာပြန်ဖြေရမှန်းမသိတော့ပေ

"မင်းဒီကို ဘာလာလုပ်တာလဲလို့ Taehyung "

Taehyung အမေးကို Jin မသိသလိုထားလိုက်သလို Taehyung သည်လည်း Jin အားစူးစိုက်စွာပင် ကြည့်နေခဲ့သည်

"ထားလိုက်တော့... မင်းငါ့အချိန်တွေကို လာဖြုန်းနေတာပဲ!!"

ပြန်မဖြေပဲ ကြည့်နေသည့် Taehyung ကြောင့် Jin သူ့အနားမှာ ဖြတ်လျောက်လာခဲ့သည်
သို့သော် ထွက်သွားခွင့်မပြုသည့် Taehyung သည် Jin လက်ကို ဆွဲကိုင်ကာ အရှေ့မှ ပိတ်ရပ်ထားလိုက်သည်

"လွတ်စမ်း!!!"

ဖယ်ပေးဖို့ ရုန်းနေမိတဲ့ Jin Taehyung ၏ အပြုံးတစ်ခု အောက်တွင် Cool guy Image လည်း ပျက်ရပြန်ပြီ

"ငါ့ကို လွတ်လို့ပြောနေတယ်နော် Taehyung !!!"

Taehyung အား ကျန်လက်တစ်ဖက်မှ တွန်းထုတ်နေသော်လည်း တောင့်ခံနေသော Taehyung ကြောင့် Jin ခဏ ငြိမ်နေလိုက်သည်
Taehyung အကြည့်ခြင်းစုံကာ Jin အား နံရ့ဘက်သို့ပင် ကပ်လိုက်တော့သည်

"Hmmmm!!!"

သက်ပြင်းသဲ့သဲ့ချကာ Taehyung နှုတ်ခမ်းတို့က ကွေးတက်သွားခဲ့သည်

Guardian (Translation Fic) CompletedOù les histoires vivent. Découvrez maintenant