25

1.5K 210 52
                                    

"Hey!!"

အိပ်ချင်မူးတူးလေသံဖြင့် Jin နှုတ်ဆက်လိုက်သည်

"Oh Hey!!.. မင်းတစ်နေကုန်လုံးအိပ်နေတာတော့မဟုတ်ပါဘူးနော်!!"

အိပ်ရာထကာစ ဆံပင်စုတ်ဖွားနှင့် Jin အား Yoongi မေးလိုက်သည်

"ဟမ်....ဟုတ်တယ်..ပင်ပန်းလွန်းလို့! !"

ရေခဲသေတ္တာနားဆီလမ်းလျောက်သွားရင်း sofa တွင်ထိုင်နေသော Yoongiအားပြန်ဖြေလိုက်သည်

"မနေ့ကဘာတွေဖြစ်ခဲ့ကြလဲ!!"

သူ့အတွေးနှင့်သူ မျောနေသော Jin အား Yoongi လိုက်ကြည့်ရင်းမေးလိုက်သည်

"Huh?!!"

တကယ်တော့ မနေ့က သူ့ရင်ခွင်ထဲတွင်ငိုရင်းအိပ်ပျော်သွားသော Jungkook အားအခန်းထဲသို့သွင်းရန် Hobi အားဖုန်းဆက်ခေါ်လိုက်ရသည်... သူကိုယ်တိုင်သွင်းပေးလိုက်လည်းရပေမယ့် မသင့်တော်ပါဘူးဆိုသော အတွေးက ရပ်တန့်ခဲ့လိုက်သည်

"မနေ့က Studio ထဲမှာမင်းတို့တစ်ခုခုဖြစ်ကြသေးတာလား!!"

"ဘာမှမဖြစ်ပါဘူး...မင်းကဘာလို့မေးနေတာလဲ!!"

Yoongi အားပြန်မကြည့်ပဲရေခွက်ကိုသာကြည့်ရင်း Jin ပြန်မေးလိုက်သည်

"Jungkook က ဒီနေ့ပြောတယ် သီချင်းပြီးတဲ့အထိ ဆက်လုပ်ပါ့မယ်တဲ့!!"

"Oh.wow!!.. Congratulation yoongi...မသ်းအတွက်အဆင်ပြေသွားတာပေါ့..!!"

တည်ငြိမ်သော လေသံဖြင့် Jin ထိန်းပြီးပြောနေပေမယ့် ရင်ထဲတွင်တော့ Jungkook စိတ်ပြောင်းသွားသည့်အပေါ်လွန်စွာသိချင်စိတ်တို့ပြင်းပြနေခဲ့သည်

"Jin!!"

စိတ်မရှည်သောလေသံဖြင့် Yoongi ခေါ်လာပြန်သည်

"မင်းနဲ့ငါသိလာတာ မနေ့တနေ့ကမှမဟုတ်ဘူးနော်..ငါ့ကိုအရူးကွက်နင်းမနေနဲ့!!"

အတည်ပေါက်ပြောနေသော Yoongi ပုံစံအား Jin မြင်ဖူးသည်..ဒါ သူတကယ်ကြီးမေးနေခြင်းပင်

"ငါ့ကိုအမှန်အတိုင်းဖြေ!!"

"မနက်စောစောစီးစီး ဘာတွေလာပွားနေတာလဲကွာ Yoongi ရာ!!"

"ဘာကိုမနက်လဲ.. ညနေတောင်ရောက်နေပြီဟာကို!!"

Yoongi မျက်လုံးတို့ကို တစ်ချက်ဝေ့လိုက်ပြီး

Guardian (Translation Fic) CompletedWhere stories live. Discover now