22

1.5K 218 38
                                    

နေရောင်ခြည်အလင်းဖျဖျတို့က ပြတင်းပေါက်တို့ကိုတိုးဝင်ကာ Jin မျက်နှာပေါ်သို့ကျရောက်လာခဲ့သည်...
မျက်လုံးတို့ကို ဖွင့်လိုက်ပြီး အခန်းတစ်ဝိုက်ကိုလိုက်ကြည့်နေမိသည်...ထိုစဥ် ကုတင်ဘေးရှိ အရာတစ်ခုကြောင့် JIN ကြောင်လျက်သားဖြစ်သွားရသည်...
*ဘာကြီးလဲဟ..*
အတွေးတို့က မဆုံးသေးခင်မှာတင် မနေ့ညက Jungkook လာအိပ်သည်ကို သတိရသွားသောကြောင့် စိတ်အေးနိုင်မလိုဖြစ်ခဲ့ရပေမယ့်.... Jungkook ၏ shirtless ဖြစ်နေသော အပေါ်ပိုင်းကြောင့်
* ဘာလို့ Jeonjungkook က သူ့ဘေးနားမှာ အကျီချွတ်ပြီးအိပ်နေရတာလဲ*

Jin အတွေးတို့နှင့်ပင် သူ့ခေါင်းသူကိုင်ကာ စဥ်းစားနေရတော့သည်..
အပြောအဆိုခက်တဲ့ 22 နှစ်ပဲ ရှိသေးတဲ့ဒီကောင်လေးက မနေ့ကတော့သူ့အပေါ် ညှင်ညှင်သာသာဆက်ဆံခဲ့ပေးသေးတယ်...
ဒီတစ်ခေါက်ကလွဲလို့ ပုံမှန်နေမကောင်းဖြစ်လေ့ဖြစ်ထမရှိပေမယ့် နေမကောင်းချိန်တိုင်း Jaebum hyung...Namjoon နဲ့ Yoongi လောက်သာ ဂရုစိုက်ပေးဖူးတာမို့.. တခြားသော သူစိမ်းတစ်ယောက်က ဂရုစိုက်ပေးတယ်ဆိုတဲ့အသိက နွေးထွေးမှုကို ရစေခဲ့သည်....

အတွေးတို့ခဏရပ်ကာ ဘေးက ကောင်လေးမှာတော့ အိပ်ပျော်လို့နေဆဲပင်...အိမ်မက်ကောင်းကောင်းတို့များမက်နေလားတော့မသိ...ပြုံးစစမျက်နှာဘေးနှင့်အိပ်နေပုံလေးက အပြစ်ကင်းစင်လှသည်..

Jin ကြည့်နေစဥ် နှာခေါင်းလေးကိုပွတ်နေသောJungkook ကြောင့် ဒါကရော ​ အိပ်နေရင်း လုပ်တတ်တဲ့ အကျင့်ပဲလား...

အရင်ကထက်ပိုရှည်လာသော ဆံစလေးတွေကလည်း နှဖူးပေါ်သို့ ဟိုတစ်စ ဒီတစ်စ ကျနေသေးသည်... Jungkook မင်းရဲ့ အခုလိုပုံစံလေးကို ငါသဘောကျလိုက်တာ..ဘယ်လောက်အေးချမ်းလိုက်လဲ..

ထို့နောက် Jin နာရီကိုကြည့်လိုက်တော့ ထဖို့ရာစောသေးသည့်အချိန်ဖြစ်သည်.. ထို့ကြောင့်ပြန်အိပ်ဖို့သာတွေးလိုက်တော့သည်..ထိုအချိန်တွင် အပြင်ဘက်မှ အသံတချို့အားကြားလိုက်ရသည်..

"ရှူးး..... ငါတို့လုပ်လို့နိုးသွားဦးမယ်!!"

"မင်းသာ တိတ်တိတ်နေ!!"

တစ်ယောက်နှင့်တစ်ယောက် တိုးညင်းလှစွာသော လေသံဖြင့်ပြောနေကြသည်
အခန်းတံခါးဖွင့်ကာ တံခါးဝတွင်ရပ်နေသော Hobi နှင့် Yoongi တို့အား Jin ခေါင်းထောင်၍ ကြည့်လိုက်သည်... အခြေအနေလာချောင်းဟန်တူသော သူတို့နှစ်ယောက်သည် တိတ်တဆိတ်လုပ်သော်ငြား ကံမကောင်းရှာပေ..

Guardian (Translation Fic) CompletedWhere stories live. Discover now