Epilogue

2.8K 227 75
                                    

အခန်းတွင်းသို့ အလင်းရောင်တစ်စ နှစ်စ ဝင်ရောက်လာချိန်တွင် Jin မျက်လုံးတို့ကို အသာအယာဖွင့်လိုက်သည်

ဘာလဲ...ငါအိမ်မက်မက်နေတာလား... မနေ့ညကများ အများကြီးသောက်မိသေးလို့လား...ဒါ့ကြောင့် ထင်ယောင်ထင်မှားတွေဖြစ်နေတာလား.....

ထို့ကြောင့် သေချာစေရန် ကုတင်ဘေးသို့လက်ဖြင့်စမ်းကြည့်တော့ ဘာမှမရှိပဲ လွတ်နေသည့်အိပ်ရာ..... ဘယ်သူမှရှိမနေသောကြောင့် Jin စိတ်တို့သည် အလွန်လှုပ်ရှားသွားခဲ့ရသညိ... သူတကယ်ပဲရူးနေပြီနဲ့တူပါရဲ့.... တကယ်လားအိမ်မက်လားဆိုတာကို စဥ်းစားနေဆဲ အိမ်ရှေ့မှကားသံကြားသဖြင့် Jin အလျင်အမြန်ထကြည့်လိုက်သည်...

mask အနက်ရောင်ကိုတပ်ထားပြီး လက်တသ်ဖက်စီတွင် အထုပ်ပေါင်းများစွာဖြင့် ကားပေါ်က ဆင်စလာသော jungkook...

"Holy shit!!!!!.... ဒါဆို တကယ်ကြီးပေါ့!!!!"

Jin ပါးစပ်လေးအား လက်ဖြင့်ပြန်ပိတ်လိုက်မိပြီး တံခါးရှိရာသို့ အမြန်ပြေးသွားကာ တံခါးဖွင့်ပေးလိုက်သည်

"Oh... Hi baby...hmmm!!!!"

Jungkook စကားတို့ကိုပင်ဆုံးအောင်မပြောလိုက်ရသေးခင်မှာတင် Jungkook ထံသို့ပြေးဖက်ကာ နမ်းရှိုက်နေပါသော Jin...
Jungkook ဘက်မှ ပြန်မနမ်းရသေးခင်မှာတင် ပြန်ခွာလိုက်ပါသော jin

"Good morning!!!"

အိပ်ရာမှထကာစဖြစ်သဖြင့် Jin အသံတို့သည် ကြည်လင်မှုတော့ရှိမနေသေး...

"wow...Good morning ပါ အိပ်ပုတ်လေး!!!"

Jungkook ပြန်နှုတ်ဆက်ပြီးသည်နှင့် Jin အားသေချာကြည့်မိမှ သူ့ရဲ့ ပွယောင်းယောငိးhoodie အား မသိပဲဆွဲဝတ်ခဲ့ပုံရသော သူ့ရဲ့ hyung လေး...

"ဒါနဲ့စောစောကဘာဖြစ်သွားတာလဲ!!!"

ဝယ်လာသမျှအထုပ်တွေအား မီးဖိုချောင်ထဲသို့ယူသွားရင်း Jungkook မေးလိုက်သည်

"ဒီအတိုင်းစစ်ဆေးကြည့်တာ!!!"

"ဘာကို စစ်ဆေးတာလဲ Hyung!!!"

"ဘာမှမဟုတ်ပါဘူး!!!"

Jin မပြောပြချင်သဖြင့် သူ့ဇတ်ကြောအား သူပြန်နှိပ်နယ်နေရင်း အနီးရှိ sofa ပေါ်တွင်ထိုင်နေလိုက်သည်... အနောက်မှ Jungkook ဆီမှ သဘောပေါက်သွားသကဲ့သို့ ရယ်သံတချို့နှင့်အတူ ချောင်းဟန့်သံပါ ပေါ်ထွက်လာလေသည်

Guardian (Translation Fic) CompletedWhere stories live. Discover now