18

1.5K 233 34
                                    

"Jin... မင်းငါ့ကို အခုလိုဘာမှမပြောပဲမနေနဲ့လေကွာ!!.. Okey!! မင်းအခုငါ့ကိုစိတ်ဆိုးနေတာမလား!!"

စကားမပြောပဲနေသော Jin မျက်နှာအားလိုက်ကြည့်ရင်း Yoongi ချော့နေပါသော်လည်း Jin ကတော့ ကားအရှေ့ဘက်ကိုသာကြည့်ရင်း Yoongi အားမသိချင်ယောင်ဆောင်နေလေသည်..
အကြောင်းမှာ Jungkook အားလေဆိပ်မှကြိုရန် ရောက်နေရသောကြောင့်ပင်ဖြစ်သည်

"Jin...တော်ပါတော့ကွာ...Taehyung နဲ့ အဆင်မပြေတာကို ငါသိပေမယ့် Jungkook ကိုကရော မင်းကဘာလို့အဲ့လောက်ဖြစ်နေတာလဲ.. မင်းတို့ကြားဘာပြသနာရှိလို့လဲ!!"

ထပ်မေးလာသော Yoongi အား ကြာကြာလေးစိုက်ကြည့်ပြီးနောက် စကားမပြောပဲ Jin ဖုန်းထုတ်ကာ ဂိမ်းကစားနေလိုက်သည်

"သေလိုက်ပါတော့ကွာ..ဘာလို့မင်းအဲ့လောက်တောင်ခေါင်းမာရတာလဲ!!"

ပြောမနိုင်တော့သည့်အဆုံးတွင် Yoongi လက်လျော့၍သာ ထိုင်နေတော့သည်

"ဟော ဟိုမှာ သူတို့ထွက်လာပြီ!!"

ပြောပြောဆိုဆိုနှင့် Yoongi သူတို့နှင့်နှုတ်ဆက်ရန် ကားထဲမှပင်ထွက်သွားခဲ့တော့သည်
Jin လည်း ဖုန်းကိုကြည့်လျက်နှင့် Yoongi အနောက်မှလိုက်ထွက်လာခဲ့သည်

Jungkook အား တစ်ချက် လှမ်းကြည့်လိုက်တော့ တစ်လဆိုတဲ့ကာလမှာ ဆံပင်လေးတွေလည်းရှည်လာသားပဲ.. ပြီးတော့ tattoo!!... ဒီကောင်လေး Tattoo တွေထိုးထားတာပဲ..

"Jin!!!.... ဒီမှာဘာလာလုပ်တာလဲ!!"

Hobi သည် Jin ကိုမြင်သည်နှင့် အားရဝမ်းသာပြုံးပြရင်း ပွေ့ဖက်နှုတ်ဆက်လာသောကြောင့် Jin သည်လည်း အလိုက်သင့်ပြန်ဖက်လိုက်သည်

Hobi အနောက်မှပါလာသော Jungkook သည် ခြေလှမ်းတို့ပင် ခေတ္တရပ်တန့်သွားပြီး..Jin အား ဒီနေရာမှာတွေ့ရမယ်လိ​ု့မထင်ထားသောကြောင့် အနည်းငယ် လန့်သွားပုံပေါ်သည်..သိူ့သော် ချက်ချင်းပင် ပုံစံပြန်ထိန်းကာ မသိသလိုရပ်နေလေသည်

*မင်းကမသိသလိုပဲနေတယ်ပေါ့* Jungkook ကိုတစ်ချက်ကြည့်ကာ Jin စိတ်ထဲကနေပြောနေမိသည်

"ကျနော်က Yoongi အတွက်အလုပ်လုပ်နေတာ!!"

Jin ရယ်ရယ်မောမောနှင့်သာ Hobi အားကြည့်ရင်းပြန်ဖြေလိုက်သည်..Jungkook ကိုတော့လျစ်လျူရှုထားလိုက်သည်

Guardian (Translation Fic) CompletedWhere stories live. Discover now