23

1.4K 195 50
                                    

"Whaa..... မင်းကဘယ်အချိန်ကစပြီး K drama ရဲ့ Main Lead ဖြစ်သွားရတာလဲ!!"

ဝရံတာတွင်ရပ်ကာ အဝေးတစ်နေရာသို့ငေးကြည့်နေသော Jin အား Yoongi စနောက်ကာ မေးလိုက်သည်.. အခုလက်ရှိ ငေးနေပုံကလည်း K drama ထဲက မင်းသားတွေစဥ်းစားခန်းဝင်တဲ့ ဆိုဒ်နဲ့ပဲ..

Jin ဘာတစ်ခွန်းမှပြန်မဖြေပေမယ့် Yoongi ပေစလာသော Beer ပုလင်းကိုတော့ဆွဲယူလိုက်သည်
Jin ရဲ့လက်ရှိပုံစံကို Yoongi အကြိမ်ပေါင်းများစွာမြင်ဖူးသည်.. တစ်စုံတစ်ခုအား အရေးတယူစဥိးစားပေးနေဟန်ပေါ့

"မင်းနဲ့သူနဲ့က အဲ့လိုစိတ်ဆိုးသွားရလောက်တဲ့အထိ ခင်မင်နေမယ်လို့ငါမထင်ထားဘူး!!"

Yoongi မှပင် တိတ်ဆိတ်မှုအားဖြိုခွင်းကာ တစ်ဖန်ထပ်မေးလိုက်သည်

"တကယ်တော့ အဲ့နေရာမှာငါလည်းရှိတယ်..ငါလည်းကြားတာပဲ အကုန်လုံးကို.. အဲ့တော့ ရှင်းရှင်းလေးပဲ မှန်နေတဲ့သူဘက်ကငါနေပေးလိုက်တာ ဒါပဲလေ!!"

"Jeon Jungkook ကိုဘယ်လိုလုပ်မှာလဲ!!"

"ဘာကိုလဲ!!"

"ငါသူနဲ့စတွေ့ကတည်းက ခဏလေးအတွင်းမှာတင် အဲ့ကောင်လေးက ညစ်ကျယ်ကျယ်နဲ့ အကျင့်ဆိုးလေးမှန်းငါသိတယ်!!"

"သူကအကျင့်ဆိုးတဲ့သူမဟုတ်ပါဘူး!!"

"What?!"

"သူက အကျင့်ဆိုးတဲ့သူမဟုတ်ဘူးYoongi.. သူက ဒီအတိုင်းခေါင်းမာပြီးတော့ စိတ်မြန်တတ်တဲ့ 22 နှစ်အရွယ် နာမည်ကြီး ကောင်လေးတစ်ယောက်ဖြစ်ရုံပါ!!"

"မင်းပြောနေတဲ့ပုံက ပြောမိတဲ့ငါကပဲ အကျင့်ဆိုးသလိုလိုဖြစ်နေပြီ!!"

"အင်း...ငါလည်းအစက မင်းလိုပဲထင်ခဲ့တာပါပဲ.. နောက်ပိုင်းကျတော့ ခင်တာကြာလာတာနဲ့သူက အဲ့လိုမဟုတ်မှနိးသိလာတာ...သူက ဂရုစိုက်ပေးတတ်တယ်..ချစ်ပေးတတ်တယ်..ဒါပေမယ့် တစ်ခါတစ်လေ တစ်ကိုယ်ကောင်းဆန်တယိ.. သူက Bad guy တော့မဟုတ်ဘူး Yoongi ခေါင်းမာရုံလေးပါပဲ!!"

စကားဆုံးသွားသည်နှင့် လက်ထဲက beerပုလင်း ထပ်၍ပင်မော့လိုက်သည်

"ဘာတွေပြုံးနေတာလဲ!!"

ပြုံးယောင်သန်းနေသော Jin မျက်နှာအားကြည့်ပြီး Yoongi မေးလိုက်သည်

Guardian (Translation Fic) CompletedWo Geschichten leben. Entdecke jetzt