8

1.6K 229 21
                                    

တစ်ယောက်နဲ့တစ်ယောက် Chemistry မိလာတဲ့ Jin နဲ့ Jungkook တို့ကြောင့် အရာရာဟာ အေးချမ်းလို့နေသည် တစ်ခါတစ်ရံတော့ ရန်ဖြစ်တာလေးတွေ ရှိနေပေမယ့် သူတို့ကြားတွင် သာ ပြီးသွားတတ်သည်မို့ ဆိုးဆိုးရွားရွားပင်မရှိတော့... ထိုအချိန်တွင် ကမ္ဘာမှာအပျော်ရဆုံးလူသားကိုသာ ပြပါဆိုလျှင် Hobi ကို လက်ညှိုးထိုးပြရတော့မှာပင်...

အကြောင်းအရင်းမှာ bodygurd ကို တစ်လကျော်အောင်ထားပေးသည့် Jungkook ကြောင့်ပင် .. Jin ကတော့ Jungkook ရဲ့ Bodygurd သမိုင်းတွင် အကြာဆုံး Bodygurd လေးပေါ့...

Jin ကတော့ Jungkook နေရာသို့ပင်ပြောင်းရွေ့ခဲ့ပြီး လုံခြုံရေးအတွက် 24/7 စောင့်ရှောက်ရမည်ဆိုသောကြောင့်လည်းဖြစ်သည်
.
.
.
.
.
Jin အိပ်နေချိန်တွင် အသံတစ်ခုခုကြားရသဖြင့်နိုးလာခဲ့ရသည်... အ​ဆောင်မှာသာဆိုလျှင် ကြောင်သံလား ဆိုပြီး ပြန်အိပ်ရပေမယ့်အခုတော့မဟုတ်..တစ်ခုခုထူးဆန်းတာဆိုလည်း Jaebum hyung ရှိတာပဲဆိုသော အတွေးတို့သည် ထိုနေ့တွင်တော့ သုံးမရခဲ့... လက်ရှိအိပ်နေသောနေရာသည် အဆောင်မှာမဟုတ်ပဲ Jungkook အိမ်က Guest room ထဲတွင်သာ... ထို့ကြောင့် Jaebum hyung လည်းရှိမနေနိုင်...

အသံကြားရာကိုစစ်ဆေးရန်Jin ထလိုက်ပြီး အချိန်ကိုကြည့်တော့ သန်းခေါင်ယံပင်ရောက်လို့နေပြီဖြစ်သည်
ကျယ်ဝန်းလှသော ထိုအိမ်ကြီးတွင်ရောက်တာမကြာသေးသည့် Jin အတွက် အမှောင်ထဲတွင်လျောက်နေရသည်မှာ ဘယ်လမ်းက ဘယ်ကိုသွားနေသည်မှန်းပင်မသိတော့...
ပိန်းပိတ်အောင်မှောင်နေသော်ငြားလည်း လမ်းမီးတချို့က ပြတင်းပေါက်မှနေ၍ တိုးဝင်လာသောကြောင့် အရိက်ကဲ့သိုသောအရာကိိုတော့ သေချာစူးစိုက်၍ ကြည့်နေရသည်

ခြေသံဖွဖွနင်းကာ ဧည့်ခန်းရှိရာသို့လျောက်လာနေရသော Jin သည် တံခါးအနားတွင် လူတစ်ယောက်အရိပ်အားတွေ့လိုက်ရသဖြင့် ခြေလှမ်းတို့က်ိုပင်ရပ်လိုက်သည်
အမှောင်ထဲတွင် တံခါးနားရောက်နေသောသူသည် သေချာပေါက်သူခိုး သို့မဟုတ် ခိုးဝင်လာသူတစ်ဦးဖြစ်နေလိမ့်မည်.. ညသန်းခေါင်ဖြစ်နေ၍ အိပ်နေသော တခြားသူများအား Jin မနိုးစေချင်သောကြောင့် တိတ်တဆိတ်သာလှုပ်ရှားနေရသည်...
ထိုလူသည် တံခါးကိုပင်ဖွင့်ကာ ထွက်လုဆဲဆဲအချိန်တွင် Jin နံရံပေါ်ရှိ မီးခလုတ်ကိုဖွင့်လိုက်သည်.. ထို့နောက် မြောက်တတ်သွားသော လက်ိတို့သည် အရှေ့ကလူအော်သံကြောင့်ရပ်တန့်သွားခဲ့ရသည်..

Guardian (Translation Fic) CompletedWhere stories live. Discover now