20

1.6K 220 44
                                    

"Damn it!!!"

Jungkook တစ်ကယ်ပဲ Jin နဲ့အခုလို ဒေါသတွေနဲ့ အဆင်မပြေတဲ့ပုံစံမျိုးနဲ့ မျက်နှာချင်းမဆိုင်ချင်ခဲ့..သို့သော်လည်း အခုတော့ ပြသနာပေါ် ပြသနာဆင့်ဖြစ်ခဲ့သေးသည်

Jungkook တကယ်ပဲ ထိုအရပ်ရှည်ရှညိ ဆံပင်အနက်ရောင်နဲ့ ပခုံးပြင်ကျယ်ကျယ်နဲ့ထိုလူသားအပေါ်ခံစားချက်နက်ရှိုင်းနေမိခဲ့ကြောင်းသတိထားမိသည်...

ထိုနေ့ကအနမ်းနှင့်ပတ်သတ်ပြီးတော့ Jin ဘက်က အမှားတစ်ခုလိုမျိုး နောင်တရနေတဲ့ပုံစံနဲ့တောင်းပန်လာတဲ့အခါ Jungkook သူတကယ်ပဲ စိတ်ထဲတမျိုးဖြစ်သွားခဲ့ရသည်... သိူ့သော် Jin ရဲ့ အနမ်းအပေါ်အမှားသက်သက်ဆိုသော စကားကြောင့် သူနာကျင်မိသွားရသော်လည်း မသိသာအောင်နေခဲ့သည်

Jin အား ရန်တွေ့ချင်လို့သာ တစ်ကိုယ်ကောင်းဆန်တဲ့သူဟု ပြောလိုက်သော်လည်း Jin တစ်ကိုယ်ကောင်းမဆန်တတ်တာ သူအသိဆုံးပင်
Jin ကိုယ်တိုင်က သူ့အား နှစ်ကြိမ်တိတိ အသက်ကယ်ပေးထားသည့်သူလေ..

Jungkook ဒါဟာ Jin အပေါ် သဘောကျနေတာမဟုတ်ဘူးလို့ပဲ သူ့ကိုယ်သူ တွေးထင်ထားသည်....နှလုံးသားက Jin နဲ့ရှိနေချိန်ခုန်နှုန်းက Jimin hyung နဲ့တော​င်မတူပေ..ရင်ခုန်သံဆိုတာကြီးက မျက်လှည့်ဆန်သည်...

တကယ်ဆို အဲ့နေ့က Jin အား သူ့အနားတစ်နေ့လုံးထားကာ သူ့ခံစားနေရတာတွေ သူ့အဖြစ်တွေကို ရင်ဖွင့်ပြချင်နေခဲ့သည်... Jimin ကြောင့်အသဲကွဲရတာတွေကို ရင်ဖွင့်ချင်ခဲ့သည်... အစပိုင်းတွင်အဆင်ပြေနေခဲ့ပေမယ့် Jin စကားတချို့ကြောင့် အခြေအနေပျက်ပြားပြီးနောက် အနမ်းတချို့ဝင်လာချိန်တွင် ပုံစံအကုန်ပြောင်းခဲ့ရသည်... တကယ်ပဲ အဲ့နေ့က jungkook သူကိုယ်တိုင်လည်း အနမ်းတို့အား တုန့်ပြန်ခဲ့သည်...

နှစ်ယောက်လုံးအသိဝင်လာကြချိန်တွင် Jin သူ့အားဖယ်ထုတ်ကာ Studio ထဲမှပြေးထွက်သွားခဲ့သည်...ထို့ကြောင့် Jungkook ကိုယ်တိုင်လည်း စည်းကျော်လို့မဖြစ်ဘူးဆိုသောအသိကိုသာ သွင်းခဲ့သည်... ဒီနေ့ Jin ရဲ့တောင်းပန်စကားက ပို၍ပင် သေချာသွားခဲ့ပြီ..ထိုအနမ်းကခံစားမပါသော အမှားသက်သပ်ပင်...

Jungkook နာကျင်မှုကို ထိန်းချုပ်နိုင်သည်..ဘာမှမဖြစ်သလိုဟန်ဆောင်ရတာ Jungkook အတွက်အလွယ်ကူဆုံးပဲ..ဒါ့ကြောင့် အထုပ်အပိုးပြင်ကာ Jin အား မတွေ့ရစေရန် US ကိုသွားဖို့ပြင်ဆင်ခဲ့ရသည်

Guardian (Translation Fic) CompletedWhere stories live. Discover now