16

1.7K 227 65
                                    

"Taehyung ဒါက Seokjin တဲ့... Seokjin..  ဒါက Taehyung!!"

"Waaaa...... Hyung က Bodygurd ဆိုတာရောဟုတ်ရဲ့လား...Hyung ကအရမ်းချောလွန်းတယ်ဗျာ!!"

Jin အတွက် သူ့အရှေ့ကကောင်လေးက ပထမဆုံး Customer ဖြစ်သည်... ပထမဆုံးအနေနဲ့ လူတစ်ယောက်ကို ကာကွယ်ပေးရမယ်ဆိုလညိးမမှား... Jin ကိုမြင်သည်နှင့် Taehyung တစ်​ယောက်စကားကို ကရားရေလွှတ် တတွတ်တွတ် ပြောနေသည့်အတွက် Jin အတော်ပင်အံသြရသည်... အခုမှတွေ့ဖူးသူကို မသိလျှင် နှစ်ပေါင်းများစွာ ခင်နေတဲ့သူကဲ့သို့ နှုတ်ဆက်နေသောကြောင့်ပင်...

"ဟေ့ကောင် Taehyung... ဖြည်းဖြည်းပြောပါကွ ဟိုကပထမဆုံးနေ့မှာတင် လန့်ပြီးပြန်ပြေးသွားပါဦးမယ်!!!"

Taehyung မန်နေဂျာမှပင် ဝင်ပြီးတားရသည်အထိ....

"ဟီးး... sorry!! စိတ်လောပြီး အများကြီးပဲပြောလိုက်မိတယ်!!"

Boxy smile လေးနဲ့ ထိုကောင်လေးက ပြန်ရှင်းပြနေသည်

"ဒါနဲ့ ရှက်တတ်တာလား... ရောက်ကတည်းက စကားသိပ်မပြောဘူးနော်!!"

"Ahh!! မဟုတ်ပါဘူး!!... ဒီအတိုင်း...."

"ကိစ္စမရှိပါဘူး...သိပ်မပြောလည်း ကျနော်က အများကြီးပြောမှာဆိုတော့ Hyung ကနားထောင်ပေါ့... wow.. လုံးဝ perfect ပဲ ကျနော်တို့နှစ်ယောက်က!!"

ပြောချင်ရာပြောနေတဲ့ ကောင်လေးကို Jin အပြစ်မမြင်ပါ.. သူ့ထက်ငယ်တဲ့ကောင်လေးက အကုန်လုံးရဲ့အချစ်ခံလေးလေ.... အားလုံးရဲ့ Happy pill လေးဖြစ်တဲ့ Taehyungက မျက်လုံးလေးတွေကလည်းတောက်ပလျက်... သေချာတယ် ဒီကောင်လေးက တစ်နေ့မှာ နညမည်ကြီးတစ်ယောက်ဖြစ်မယ်ဆိုတာပေါ့...

တကယ်တော့ အလုပ်စဝင်ကာစလူတစ်ယောက်ကို Taehyung ဒီလောက်ထိ နှုတ်ဆက်စကားမဆိုဖူးခဲ့ပေ...
.
.
.
.
.
တကယ်ကိုထူးဆန်းတယ်!!... နေမကောင်းဖြစ်တဲ့အချိန်တိုင်း..Taehyung နဲ့အကြောင်းတွေက ခေါင်းထဲပြန်ပေါ်လာတက်တယ်.. အားငယ်နေတဲ့အချိန်မျိုးဆို ပိုဆိုးပေါ့....

accident မှ ဒဏ်ရာတွေက ဖြည်းဖြည်းချင်းပြန်ကောင်းလာပြီဆိုပေမယ့် Jaebum Hyung က သေချာအနားယူခိုင်းသည့်အပြင် လွန်ခဲ့သော နှစ်ရက်ခန့်ကမှ ချုပ်ရိုးများလည်းဖြည်ခဲ့သဖြင့် အိပ်ရာထက်တွင်သာ လှဲနေမိသည်

Guardian (Translation Fic) CompletedWhere stories live. Discover now