3

1.7K 242 30
                                    

Jin ညစာကိုတော့ အဆောင်ကို ပြန်စားဖြစ်သည်
Bodygurd တွေအတွက် ရုံးချုပ်မှပေးထားသည့်အခွင့်အရေးဆိုလည်းမမှား... အဆောင်တွင် ညစာအား အလကားကျွေးလေ့ရှိသည်... အစားအသောက်သည် လူကိုပျော်ရွင်အောင်လုပ်ပေးနိုင်သောကြောင့် ပျော်ရွင်မှုခံစားစေရန် စီစဥ်ပေးထားခြင်းလည်း ဖြစ်သည်..

ပုံမှန်ဆိုလျှင် Jin သည် Client နှင့်သာ တစ်နေကုန် တစ်ညလုံးနေရမည် ဖြစ်သော်လည်း
နေကောင်းကာစဖြစ်သဖြင့် ယနေ့အတွက်တော့ ပြန်နားလို့ ရခြင်းဖြစ်သည်

"Oh!.. ပျော်နေတဲ့ ပုံပါလား Jin "

Jin ညစာစားနေသော စားပွဲဝိုင်းနားသို့ ချဥိးကပ်လာသော Jaebum မှ မေးလိုက်ခြင်းဖြစ်သည်

"ဟိုကောင်လေးက အဲ့လောက်လည်းမဆိုးပါဘူး...ကလေးဆိုးပုံစံလေးပါ အများကြီးမဆိုးဘူး hyung ရဲ့"

jin သူ့မျက်နှာအားကြည့်နေသော Jaebum ကို  ပြုံးရင်းပြောပြလိုက်သည်

"yahh!! မင်းထပ်လုပ်ပြန်ပြီလား"

"ဘာကိုလဲ!!Hyung"

"ကျနော်နဲ့သူနဲ သူငယ်ချင်းတွေတောင် ဖြစ်လာနိုင်တယ်ဆိုတဲ့ မျက်နှာဘေး မင်းမျက်နှာမှာပေါ်နေတယ်လေ"

"အာ.....မဟုတ်တာ Hyung ကလည်း"

"ဟုတ်နေပါတယ်"

"Okay!!.. Hyung ပြောတာဟုတ်တယိ ဘာလို့လဲဆိုတော့ သူကအဲ့လောက်မှ မဆိုးနေတာ"

"လူတစ်ယောက်ကို လွယ်လွယ်နဲ့ မဆုံးဖြတ်လိုက်နဲ့လို့ မှာထားတာကို မေ့နေပြီလား Jin"

"မှတ်မိပါတယ် Hyung ရဲ့... ဟာ..Hyung ကတော့ အနားယူဖို့လိုနေပြီတူတယ်... Hyung ရယ် ပွစိပွစိနဲ့ အဖိုးအိုလေးလို လုပ်မနေပါနဲ့တော့ ဟုတ်ပြီလား.."

"အေးပါ..အေးပါ"

Jaebum သူ့အား ပွစိပွစိနိုင်တယ်လို့ ပြောသော Jin ကြောင့် ပြုံးရယ်နေရုံအပြင် မတတ်နိုင်တော့
သူကိုယ်တိုင်ပင် ညစာဝင်စားရန် ပြင်ဆင်လိုက်တော့သည်

"ဪ..ဒါနဲ့ Hyung..မနက်ဖြန်ဆို ဟိုဘက်မှာ သွားနေလို့ရပြီနဲ့တူတယ်..အဲ့တာ မနက်ဖြန် ကျနော် ပြောင်းမယ်နော်.."

"Ah..Okay လေ မင်းပစ္စည်းတွေ ဝိုင်းပြောင်းခိုင်းလိုက့်မယ်"

ပြန်ဖြေလာသော Jaebum အသံတွင် ဝမ်းနည်းသံတို့က စွက်ဖက်နေလေသည်

Guardian (Translation Fic) CompletedWhere stories live. Discover now