17

1.4K 226 37
                                    

တစ်လ.. အချိန်အားဖြင့် တစ်လရှိသွားခဲ့ပြီ...
အဲ့နေ့က Jungkook နဲ့ Studio ထဲမှာနမ်းမိပြီူကတည်းက တောင်းပန်စကားတတွတ်တွတ်ရွတ်ဆိုပြီး အဲ့ကနေ ထွက်လာခဲ့တာ တစ်လတောင်ရှိသွားခဲ့ပြီ...

ထိုနေ့က စိတ်တွေ ဘယ်လိုပင်အရူးထမိသွားလဲ ကိုယ်တိုင်ပင် စဥ်းစားလို့မရတော့ပေ..
ကျန်ခဲ့တဲ့ Jungkook ရော ဘယ်လိုပင်ဖြစ်သွားလဲပင် ဂရုမစိုက်နိုင်ခဲ့တော့..
ထိုနေ့မှစ၍ Jungkook ဘက်မှ Jin အား အဆက်အသွယ်လုံးဝဖြတ်သွားခဲ့သည်

အကြောင်းအရင်းသေချာမသိခဲ့သော Hobi မှ Jin ထံသို့ ဆက်သွယ်လာသော်လည်း ဘယ်ကနေဘယ်လိုရှင်းပြရမှန်းပင် မသိသောကြောင့် Jin ရှောင်နေမိသည်... ထိုအကြောင်းကို Jin မည်သူ့ကိုမှ ထုတ်မပြောပြပေ Hobi မသိသကဲ့သို့ Jaebum hyung ကိုတောင်မှ မပြောပြခဲ့ပေ..

သို့သော် Jungkook ၏ သတင်းများကိုတော့ Jin အဆက်မပြတ် ကြည့်ရှုဖြစ်သည်.
Single Album အသစ်ထွက်သည့်အပြင် ထိုသီချင်းများသည်လည်း Top charts တွင် နေရာအပြည့်ယူထားကြောင်း.. record များကိုပင် စံချိန်ချိုးထားကြောင်း ထို့အပြင် US မှာလက်ရှိ album အသစ်အတွက် ပြင်ဆင်နေသည်ဆိုသော သတင်းများကိုပါ မလွတ်တမ်း ဖတ်ရှုလေ့ရှိသည်

Jin ထိုကိစ္စဖြစ်ပြီးသည့်အချိန်မှစ၍ Jaebum Hyung ထံတွင် အနားယူချင်သည်ဟုဆိုကာ အလုပ်များအား လက်ခံထားခြင်းမရှိပေ... ထို့ကြောင့်လည်း ဆေးရုံသည် သူနှင့် ခပ်ကင်းကင်းဖြစ်နေခဲ့ရသည်..

အနားယူချင်သည်ဟု Jin တောင်းဆိုသော်လည်း BodyGurd အဖွဲ့အသစ်အား Trainer အဖြစ် Jin အလုပ်လုပ်နေသောကြောင့် မည်သူကမျှ Jin အနားယူပုံကို နားမလည်ကြချေ..

"Choi Soobin!! သူများတွေကို လိုက်မနှောင့်ယှက်နေနဲ့... ငါထလာရမလား!!!"

Training Hall ၏ တစ်ဖက်မှ နေ၍ Jin သတင်းကြည့်ရင်း အတင်းပြောနေကြသော
ကောင်လေးတွေအား လှမ်း၍အော်လိုက်သည်

"Sorry Hyung!!! ခဏလေး.. Hyung ရော ဟို band အကြောင်းသိပြီး...!!"

"ငါ 3 အထိရေမယ်... မင်း ကို့အလုပ်ကိုယ်ပြန်လုပ်!!"

"ဒါပေမယ့်..."

"2!!"

" အာ.... ထပြီ ထပြီ.. Hyung က ပျော်ဖို့လည်းမကောင်းဘူး!!"

Guardian (Translation Fic) CompletedWhere stories live. Discover now