Unicode"ဟေ့ကောင်ဇေယန္တရာထူးခန့်
ထစမ်း"ဂုတ်ကနေမလိုက်တော့ ပြန်ကြည့်လာတဲ့ရုပ်က ကိုယ့်ကိုပဲ ပြုံးပြနေသလိုလို။ စိတ်ရှိတိုင်းသာ လုပ်လိုက်လို့ကတော့ သူ့အမေနဲ့အမတွေက ကိုယ့်ကိုသတ်မလားမသိ။ဒေါသထွက်နေတဲ့ မိမိစိတ်ကိုပဲ ထိန်းချုပ်ထားလိုက်ရတော့သည်။သို့ပေမဲ့ ဒီကောင်က လွှတ်ထားရင် ပိုဆိုးနေမှ။ထူးခန့် အကြောင်းတော့ ဒင်းသိအောင် ပြရဥိးမည်။
"ဟိတ်ကောင် ခွေးသား ငါ့ကို ဘာထင်နေလဲ...."
"ဘာမှမထင်ပါဘူး ပါးပါး"
"ဘာကွမင်း သေချင်ပြီလား ဟုတ်လား ငါလုပ်လိုက်ရင်တော့"
ထိုစဉ်အပြင်ဘက်ကအသံကြားတယ်ဆိုရင်ပဲ ဆွဲလက်စကိုဖြုတ်ချလိုက်ရသည်။ဖြုတ်မချလို့လဲမရ။ဒီကောင်ဘက်က ကာပေးမဲ့ ဒိုင်းတွေက တခုမက။သုံးခုတောင်လေ။သူ့အမေနဲ့ အစ်မတွေပေါ့။ထူးခန့် ခပ်မြနိမြန်ပဲ ဘာမှမဖြစ်သလို နေလိုက်သည်။ မဟုတ်ရင် ဒီနေရာမှာ ကိုယ်ပါအိပ်ရတော့မှာ အဲ့လိုတော့အဖြစ်မခံနိုင်ပေ။ ဒင်းတော့လား.....
"မင်းသတိထားနေ"
"ဟား...ဟား"
မိမိ ပြောကာမှ တဟားဟားအော်ရယ်နေပြန်တော့ စိတ်ကပိုတိုလာပြန်သည်။လက်သီးကိုခပ်တင်းတင်းဆုပ်ပြမိတော့ ဒင်းက မထီသလို မျက်နှာပေးနှင့် မိမိကို ကြည့်ကာ စကားတချို့ဆိုလာသည်။
"ပါးပါး ဟိုမှာ မားမားလာပြီ"
ထိုစကားကြောင့် ထွက်လက်စ ဒေါသကို မြိုချ၊ စိတ်ကိုလည်း အတတ်နိုင်ဆုံး လျှော့ချလိုက်ရသည်။ ကိုယ်လဲ ဘာမှ လုပ်မထားသလို ငြိမ်နေလိုက်ရသည်။ ကြောက်လို့တော့မဟုတ်ပါဘူး ဒီလိုပဲ.....။
" အမလေးး မား သားလေးရယ် ဘာများဖြစ်ပြီလဲလို့ စိတ်ပူလိုက်ရတာ ဘာဖြစ်သွားသေးလဲ ပါးပါးက ရောဘယ်နားထိထားသေးလဲ"
ပြောရင်းကနေတကိုယ်လုံးကိုလှည့်ပတ်ကြည့်နေတော့ မိမိ မနေတတ်တော့ ။မားတို့ စိတ်ပူတာက လူကို အသေသတ်နေသလားမသိ။
"မားရယ် သားဘာမှမဖြစ်ပါဘူး ပွဲကိုမတက်ချင်လို့ အခန်းထဲကမထွက်တာပါ စိတ်မပူပါနဲ့ နော်..."