ST-8

2K 117 1
                                    

Unicode

ဥဿာထွဋ်စံ တယောက်ပြင်ဦးလွင်က ​ပြန်ရောက်ထဲက လူကဂဏာမငြိမ်။ တယောက်ထဲရီလိုက် စကားတွေပြောလိုက်နှင့် အူမြူးနေသည်။

"ငါတို့ ထပ်တွေကြမယ် Angel(အိန်ဂျယ်) လေးရေ"

ဒေါ်ရတနာထိုက်စံတယောက် သားဖြစ်သူကိုကြည့်မရဖြစ်နေသည်။ ဒီကောင်လေး ဘာဖြစ်နေတာလဲ။ ခရီးကပြန်လာထဲက ထူးဆန်းနေသည်။

"ဥဿာ "

"ဗျာ မေမေ "

"လူက ဘာဖြစ်နေတာလဲ ပြောစမ်း...ဒီလို ပုံစံနဲ့တော့ ငါ့ Hotelတွေ အကုန်ပိတ်ရမယ်ထင်တယ် အချိုးကိုမပြေဘူး"

"မေမေ သားလေ ပြင်ဦးလွင်မှာ Angel(အိန်ဂျယ်)လေး တွေ့ခဲ့တယ်သိလား "

လာပြန်ပြီ ဒီပြင်ဦးလွင် သူမအမုန်းဆုံးမြို့။ မုန်းလွန်းလို့တောင် ထွက်ပြေးလာခဲ့တာမလား။ ဒီပြင်ဦးလွင်ဆိုတာနဲ့က ဘယ်ချိန်မှရေစက်ပြတ်မည်မသိ။

"မသိဘူး ...ဥဿာထွဋ်စံ ငါကအလုပ်လုပ်ဖို့လွှတ်လိုက်တာနော် မျက်စိအစာကျွေးဖို့ လွှတ်လိုက်တာ မဟုတ်ဘူး.... အဲ့အလုပ်ကို အပြတ်ဖြတ်ပြီး တောင်ကြီးကိုသွားတော့"

မောင်နဲ့လမ်းခွဲပြီးထဲက ပြင်ဦးလွင်ကိုမေ့ထားခဲ့တာပါ။ မောင်တို့ သားအဖနှစ်ယောက်လည်း ပြင်ဦးလွင်ပြန်ရောက်နေသည်တဲ့ ။

မေမေ က အဲ့လိုပါ ပြင်ဦးလွင်ဆိုတာနဲ့ ဘာကိုမှမမြင်တော့။ဥဿာလည်း စိတ်ညစ်ညစ်နဲ့ အိပ်ခန်းထဲဝင်ခဲ့တော့သည်။
-
-
-

"ဟာ... ခွေးသားလေး ဘယ်သွားပြီး ချီးစားနေလဲဟ စာမလာသတင်းမကြားနဲ့ သေပြီထင်တာ"

"အေး မင်းပထွေးက အလုပ်လုပ်နေတာဟ အဏ္ဏဝါရ ခုလည်း မင်းကိုမြိုဖို့စို့ဖို့  လာခေါ်တာ"

"ခွေးကောင် ယန္တရာ ချီးကားတိုက်သေရမှာ -ီးတောင်မလိုက်ဘူးကွာ"

"အဲ့-ီးမပါလဲရတယ် ခုသွားမှာ clubမဟုတ်ဘူး"

ယန္တရာတကယ်ပြောင်းလဲသွားပြီပဲ။ မတွေ့ရတဲ့ တနှစ်အတွင်းမှာ ကျွန်တော့ကိုဆဲတတ်တာကလွဲရင် hair style ကမှအစ Designအဆုံး အကုန် changeသွားတာပါ။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now