ST-18

1.3K 81 2
                                    


Unicode

မဟာ အရင်ရက်တွေက အလုပ်တွေရှုပ်တာနဲ့ ဟိုလူ့ ကိုတောင် အရေးမလုပ်နိုင်။ ဒယ်ဒီကတောင်းပန်ခိုင်းပေမဲ့ မဟာအလုပ်ရှုတ်တာရယ် သူ့အချိုးမပြေပုံတွေ ကိုမကြိုက်တာကြောင့် စကားမပြောဖြစ်ခဲ့ပါ။ ထိုလူက တပတ်မှာ ၅ရက်လောက် အိမ်ကိုလာသည်။ လာတိုင်းလည်း အိမ်ကဒယ်ဒီနဲ့ ကြီးမေက အလိုလိုက် ဂရုစိုက်ကြသည်။ မဟာ ကဒီအိမ်ရဲ့ သားလား ထိုလူက သားလားဆိုတာတောင် ဝေခွဲမရတော့။

ဒယ်ဒီကဆို တရက်လောက်များ အိမ်မလာရင် မဟာ့ကိုသွားခေါ် ခိုင်းသည်။သူကိုယ်တိုင်လည်း ထိုလူ့အိမ် သွားခေါ်သည်။ စကားထိုင်ပြောရတာနဲ့ အလုပ်ကြောင်းဆွေးနွေးရတာနဲ့ သူတို့ပဲ တတ်နိုင်သည်။ ကြီးမေကရော ဘာထူးလဲ ယန္တရာလေးက တယောက်ထဲနေတာဆိုပြီး စားချိန်ဆို သွားခေါ်သည်။ ထိုလူမလာနိုင်လျှင် ချိုင့်ပါ ပို့ပေးလိုက်သေးသည်။

ဒီရက်တွေမှာ သူတို့အတော်လေးကို ခင်သွားကြသည် ထင်ပါ၏။

"သားမဟာ ဒီနေ့ သားဇေလာလိမ့်မယ် နံနက်စာ စားပြီးမှသွား"

"နေ့တိုင်းလာနေတာပဲ ကို အဆန်းလုပ်လို့ကြီးမေရယ်"

"အိမ်ပါ ခေါ်ထားချင်တာ သူကလက်မခံလို့"

"တစ်ကောင်ကြွက်ကပဲ လက်မခံဘူးရှိရသေး "

"အဲ့လိုမပြောပါနဲ့ မဟာရယ် သားဇေက မိဝေးဖဝေးနဲ့ ဒီမှာတယောက်ထဲလာနေရတာလေ"

"ဘာလို့လက်မခံတာတဲ့လဲ "

"သားမဟာ ကသူ့ကိုရှောင်နေတော့ သူဒီအိမ်မှာ လာနေရင် အနှောက်ယှက်ဖြစ်နေမှာ ဆိုးလို့တဲ့ ...ဘယ်လောက်တောင် သူများအပေါ်တွေးပေးတတ်သလဲ"

ဒီမောင်နှမတွေ အတော်ထူးဆန်းနေသည်။ အချိုးမပြေတဲ့ လူကို ဘာတွေကြည့်ပြီးများ ချစ်နေကြသနည်း။

" သားကအကြီးပဲ ခေါ်လိုက်ပါနော် ကလေးက တယောက်ထဲအိမ်ကြီးထဲမှာနေရတာ ညမှုညတာကျ ဘယ်လွယ်မလဲ"

"ခွီး..ကြီးမေ ဘာပြောလိုက်တယ်"

ကြီးမေစကားကြောင့် မဟာလဲ ထိန်းထားသည့်ကြားက ရယ်သံထွက်သွားသည်။ လူကြီးကိုလှောင်တာ မဟုတ်ပေမဲ့အတော်ကို ရယ်ချင်သွားလို့ပါ။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now