ST-5

2.9K 160 9
                                    


Unicode

"သား အနဂ္ဃမဟာ ဘာဖြစ်တာလဲ အိမ်မက်ဆိုးတွေ မက်ပြန်ပြီလား သားရယ်"

မဟာ့ကို စိတ်ပူလို့ထင်သည် ကြီးမေ မျက်နှာမကောင်းပေ မဟာလည်းအားနာတာနဲ့

"အိမ်မက်ဆိုးမဟုတ်ပါဘူး ကြီးမေ"

"အေးကွယ် ထတော့လေ ခုမနက်အတန်းချိန်ကအရေးကြီးတယ်ဆို နောက်ကျနေလိမ့်မယ် ပြင်တော့ ကြီးမေ မနက်စာပြင်ထားလိုက်မယ်နော်"

" ဟုတ် ကြီးမေ"

ကြီးမေထွက်သွားတော့ မဟာလည်း ရေချိုးခန်းထဲ အမြန်ဝင် ရေမိုးချိုးပြီး အဝတ်အစားကောက်စွတ်ကာ အောက်ထပ်ပြေးဆင်းရတော့သည်ဆံပင်ကတော့ လမ်းသွားရင်းဖြီးပေါ့။

"သား စားလို့ရပြီ"

ကြီးမေက မဟာ့အတွက်ရွှေတောင်ခေါက်ဆွဲပြင်ပေးထားသည်လေ။ နှစ်တွေသာပြောင်းလာတာ ကြီးမေလက်ရာက အရင်တုန်းကလိုပဲမပြောင်းလဲပါ။

"ကြီးမေ ဖေဖေရော စားပြီးလား သားသွားပို့လိုက်ရမလား"

"ကြီးမေပို့ပြီးပါပြီ သားရယ် သားဖေဖေက ဒီနေ့အစောကြီးနိုးနေတာလေ သားကိုတောင်မေးနေသေးတယ် နှုတ်ဆက်လိုက်ဦးနော်"

"ဟုတ်ကဲ့ ကြီးမေ"

စားသောက်ပြီးတော့ မဟာလည်း ဒယ်ဒီကို နှုတ်ဆက်ဖို့ အခန်းထဲဝင်တော့ ပြတင်းပေါက်ဘေးမှာရပ်နေတာ ကိုတွေ့ရသည်။ဖေဖေက အမြဲအဲ့လိုပဲ အပြင်ကို ငေးရင်ငေး မဟုတ်ရင်စာဖတ်နေလေ့ရှိသည်။ ဘယ်ချိန်ထဲကလဲဆိုရင် မာမီမရှိတော့ထဲကပါ။

"ဒယ်ဒီ သားကျောင်းသွားတော့မယ်နော်"

"အင်း"

တစ်လုံးထဲပါပဲ အင်း တဲ့ ဒါဖေဖေ့ရဲ့ ပုံမှန်ပြောလေ့ပြောထ ရှိတဲ့စကားတခွန်း ကြီးမေနဲ့လဲ ထိုနည်းတူ ဘယ်သူ့ကိုမှစကား အပိုမပြောပေ။

ဒီနေ့ ရာသီဥတုကသာယာနေသည် ဆောင်းဦးပိုင်းမို့ နှင်းမှုန်လေးတွေကျလို့နေသည်။ဒိလိုရာသီ ဒီလိုအချိန်ကိုသိပ်သဘောကျတာ အေးချမ်းတယ်လို့ ခံစားမိလို့ပါ။
မဟာအိမ်ကထွက်ကထဲက နေရောင်မမြင်ရသေး မြူတွေရော နှင်းတွေရောမို့ မဟာ ကားကိုဂရုစိုက်မောင်းနေရသည် တဖြေးဖြေးပိုများ လာသည် မဟာအရှိန်လျှော့ကာ ကားမှန်ဖွင့် လိုက်တော့ လေအေးအေးကဝင်လာသည် ။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now