ST-20

1.5K 86 16
                                    

Unicode

........ဝါး.........

"ဟင် အစောကြီးရှိသေး သွားပြီလား"

ညကမဟာ ဟိုလူကိုမစောင့်ပဲ အရင်အိပ်ယာဝင်ခဲ့သည်။ ပင်ပန်းလွန်းလို့ထင်သည်။ခဏတွင်းပင်အိပ်ပျော်သွားသည်။ဟိုလူဝင်အိပ်တာတောင်မသိလိုက်ပါ။

"နိုးပြီလား "

"ဟုတ် "

မဟာအောက်ထပ်ဆင်းတော့ ထမင်းစားခန်းတွင်ဟိုလူကရှိမနေ။ အလုပ်သွားပြီထင်ပါသည်။

"သားဇေက အလုပ်သွားပြီ"

"ဘာမှစားမသွားဘူးလား"

"စားပတော် ကြီးမေတောင်မနိုးသေးဘူး မီးဖိုချောင်ထဲဝင်ပြီး ထမင်းတောင်ကြော်သွားသေး ပြီးတော့ ကြက်ဥ ကြော်ရယ် ကော်ဖီလေးတောင်ပါသေး"

"သူကလုပ်တတ်လို့လား"

"လုပ်တတ်လို့မှလုပ်သွားတာလေ စားကြည့် မင်းထက်လက်ရာကောင်းတယ်"

"ဒယ်ဒီ "

"ပြောပြတာ မင်းက သူ့ကိုဆို အထင်သေးလွန်းတယ်"

"ဒယ်ဒီတို့ ကြီးမေတို့က ဘယ်လိုဖြစ်ပြီး ဒီအချိုးမပြေတဲ့ကောင်ကို ချစ်နေရတာလဲ သူနဲ့စာရင် သားကပိုလိမ်မာတယ်မဟုတ်ဘူးလား.... နောက်မှပေါက်တဲ့ရွှေကြာပင်ကိုများ"

" ရှေးဘဝကရေစက် ရှေးရေစက်ပေါ့သားရယ် သားဇေကို စတွေ့ကထဲက စိတ်ထဲမှာ ရင်းနှီးနေသလိုပဲ "

"ဪ ဒယ်ဒီ နက်ဖြန်ကျရင် ခရီးထွက်ရမယ် "

"ဘာအတွက်နဲ့လဲ သားမဟာ"

"ဆေးရုံကပါ ဟောပြောပွဲလုပ်ရင်းနဲ့ ဆေးလှူဖို့ရော"

"သားဇေကို ခေါ်သွား"

"မခေါ်ချင်ဘူး ဒယ်ဒီ ကိုယ်တစ်ယောက်ထဲမှမဟုတ်တာ တခြားလူတွေလည်းရှိတယ်လေ"

"အဲ့ဒါဆို ပိုတောင်ခေါ်ရဦးမှာ"

"သားအသက် မငယ်တော့ဘူး ဒယ်ဒီ"

"မင်း ကိုစိတ်မချလို့ ပြောနေတာမဟုတ်ဘူး"

"ဒါဆိုဘာလဲ"

"ဒီတိုင်းပဲ သူနဲ့ဆိုရင် ဒယ်ဒီ စိတ်အေးရလို့"

"ဟုတ်သားပဲ သားရယ် ခေါ်လို့ရရင်ခေါ်သွားပါလား မရဘူးဆိုရင်တောင် ဆေးရုံအုပ်ကို ပြောကြည့်လေ"

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now