ST-19

1.3K 79 2
                                    

Unicode

*ဘယ်ခွေးသား က ဒီချိန်ခေါ်တာလဲ သေခါနီးဆိုလည်း မြန်မြန်သာသေ *

ph ပြောနေတာကို ကြည့်ရင်း သူ့သူငယ်ချင်းဆိုသူကို ကျိန်ဆဲနေရသည်။

"ခွေးသား တွေ့မှ သတ်ပစ်မယ် "

"မင်း ဘာပြောနေတာလဲ "

"မကြားရင်မကြားသလိုနေ"

မဟာလည်း သူ့စကားကြောင့် ကြောင်သွားသည်။ သူဘာကိုဒေါသထွက်ပြီး အလိုမကျနေတာလဲ။ မျက်ခုံးတွေကတွန့်ချိုးနေတာ။

"အချိန်မရှိအခါမရှိခေါ်တာကို ဘာလို့သွားရမလည်း နက်ဖြန်မှသွားပါလား မရဘူးလား"

"မရဘူး လာမယ်ပြောထားတာ"

"ပြန်မယ် နက်ဖြန်မှလာ ကိုယ်လိုက်ပို့မယ်"

"နေစမ်းပါဦး မင်းကခုမှဘာအရူးထတာလဲ လမ်းတုန်းကတော့တမျိုး"

"တခုခုဖြစ်မှာဆိုးလို့"

"မင်းရှိနေတာပဲ"

"အား......."

"မင်း ဘာဖြစ်သွားတာလဲ နှုတ်ခမ်းကနာလို့လား"

ကိုယ်ပြောလိုက်မှ မျက်နှာကိုလက်အုပ်ပြီး ထအော်လေသည် ။ ဒီလိုပုံစံနဲ့ဆို ဒီလူ ထမင်းတောင်ဝါးနိုင်မှာမဟုတ် အပြန်ကျဆေးခန်းဝင်ပြပေးမှဖြစ်တော့မည်လေ။ ကိုယ့်ကြောင့်ထိခိုက်ထားတာမို့ မဟာ လုပ်ပေးသင့်သည်။ နောက်ပြီးဒီလူ က အစားစာချိန်မမှန် တတ်တာမို့ ခုလိုသာဆို လုံးဝစားတော့မှာမဟုတ်။

"ပျော်လို့"

...ခွပ်.....

"မင်း....မင်း"

မဟာကတော့ ကိုယ့်အမှားမို့ သူ့ကိုစိတ်ပူပေးနေတာပါ။ ဒါကိုများ ဒီလူကဘာကိုပျော်နေရသနည်း။ စိတ်ပေါက်ပေါက်နဲ့ လက်သီးတချက်ပစ်သွင်းလိုက်သည်။ လူချင်းက ကပ်နေတော့ အားမပါပေမဲ့ မနက်ကအရှိန်ရှိနေသေးတာကြောင့် မျက်နှာမဲ့သွားသည်။

"သွားလေ ကိုယ်ဒီကပဲစောင့်နေမယ်"

"ဟင် မင်းဘာမှမဖြစ်ဘူးလား"

"အရမ်းမကြာစေနဲ့ မြန်မြန်ပြောပြီး မြန်မြန်ပြန်ထွက်ခဲ့ ဘာတိုက်တိုက် မသောက်ခဲ့နဲ့ ကျွေးလဲမစားနဲ့ အဲ့လူနဲ့ဝေးဝေးနေနော် နောက်ပြီး ထွက်ရလွယ်တဲ့နေရာမှာနေ တခုခုဆိုလဲ အော်သာအော်လိုက် ကိုယ်ရှိနေမယ်"

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now