ST-29

1.2K 69 21
                                    


Unicode

"ဟင်...."

ဒါကယုန်ဖြူလေးမလား ... နှစ်ကာလများစွာစောင့်စားခဲ့ရသော မိမိ၏ နှစ်လုံးသည်းညှာလေး။

"မင်း......ယန္တရာ"

......ဝုန်း.....

ဝုန်းခနဲထရပ်လိုက်သည့် ကောင်လေးကြောင့် မဟာလန့်သွားသည်။ဒီကောင်လေး ဘာလုပ်ဖို့ထရပ်တာလဲ နေမကောင်းဘူးလည်းဆို​​သေး။

"ကောင်လေး"

မိမိရှေ့မှ ယုန်ဖြူလေးကို မည်မျှကြာအောင်ကြည့်မိနေသလဲမသိ။ စကားသံချိုချိုလေး ကြားရမှ အသိကဝင်လာသည်။

"ဟုတ်"

"Boss ကျွန်တော်အပြင်ကပဲ စောင့်နေပေးမယ်"

"အေးအေး"

မိမိရှေ့သို့ရောက်လာသည့် ကိုယ်သင်းနံ့လေးကြောင့် ယန္တရာ့ နှလုံးခုန်သံတွေမူမမှန်ချင်တော့။

"မင်း ဖျားနေတာမလား လှဲနေလေ ငါကြည့်ပေးမယ်"

"ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ"

"ကောင်လေးလေ မကြိုက်ဘူးလား "

"ကြိုက်တယ်"

" မင်းကိုငါပြောနေတယ်လေ လှဲလိုက်လို့ ငါ့စကားကိုနားမထောင်ဘူးလား ခုလှဲလိုက် "

"ဟုတ်"

မဟာသူ့အနာကို သေချာကြည့်လိုက်သည်။ ဆရာမက သေချာချုပ်ပေးလိုက်ပေမဲ့ ဒီကောင်လေးအငြိမ်မနေဘူးလားမသိ။ချုပ်ရိုးက ပြုတ်လုလုဖြစ်နေသည်။ ပလာစတာလဲ အသစ်လဲမည့်ပုံမပေါ်။ပေးလိုက်တဲ့ဆေးကိုပင်သောက်ရဲ့လားမသိ။ကလေးလည်းမဟုတ် နေရာတကာလိုက်ပြောနေရအောင်။

"မင်း ..ဆရာမပေးလိုက်တဲ့ဆေးကိုရော မသောက်ဘူးမလား မင်းမလိမ်နဲ့နော် ငါ့ကို ..မှန်မှန်ပြော "

"မသောက်ချင်ဘူး"

"ကျစ်! မင်းက ကလေးလားဟမ် ဆေးမသောက်ချင်ရအောင် အပေအတေလုပ်နေတော့ရော မခံစားရတော့ဘူးတဲ့လား၊ ပြောစမ်း ငါ့ကို.. ခုပဲဖျားနေပြီမလား"

မဟာ ဒီကောင်လေးကို တွေ့တော့ အံ့သြမှုနဲ့အတူ ဝမ်းသာမှုကိုပါ တပြိုင်နက်ခံစားလိုက်ရသည်။ ဒါတင်မကသေး အဖျားတက်ထားပုံရသော မျက်နှာရဲရဲလေးကြောင့် အလွန်ပဲစိတ်ပူသွားရသည်။အရင်ကလည်း ဆူနေကျမို့ မဟာဆူပစ်လိုက်သည်။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now