ST-7

2.2K 122 3
                                    


Unicode

မဟာ ဒီနေ့အလုပ်သင် ဆင်းရမည့်နေ့ဖြစ်သည့်အတွက် စောစောထရသည်။ မဟာ အရမ်းပျော်နေသလိုပဲ ညကအိပ်မက်ထဲမှာ ကိုကိုနဲ့ပြန်တွေ့သည်တဲ့။

"ကိုကိုရေ ကျွန်တော်တို့ တနေ့နေ့ပြန်တွေ့မှာပါနော် ကိုကို့လက်ကလေးနဲ့ထိတွေ့ခဲ့တဲ့ ဒီပါးလေးတွေက ကိုကို့ အတွက်ပါ ကိုကိုကရော သတိရနေမလား"

မဟာလည်းတယောက်ထဲစကားပြောရင်းရေချိုးနေမိသည်။ ဘယ်လောက်ထိကြာနေသည်မသိ ကြီးမေသတိပေးမှ ရပ်လိုက်ရသည်။

"သားရေ မဟာ ရေချိုးတာကြာလှချည်လား ခုဏကြီးမေ လာကြည့်တုန်းထဲက ချိုးနေတာ ခုထိမပြီးသေးဘူး အအေးပတ်မယ်နော်"

! မဟာကတော့လေ လူကသာဆရာဝန်ဖြစ်တော့မှာ ခုထိလိုက်ပြောနေရတုန်း !

မဟာရေချိုး အဝတ်အစားလဲပြီး အောက်ထပ်ဆင်းခဲ့သည်။ ထမင်းစားခန်းမှာ ကြီးမေနဲ့ဒယ်ဒီကစောင့်နေတာမို့ အားနာသွားရသည်။ ဒီအိမ်မှာ မဟာက အငယ်ဆုံးလေ။

"သား ဒီနေ့အလုပ်သင် ပထမရက်မလား"

"ဟုတ် ဒယ်ဒီ "

"အစစအရာရာ အဆင်ပြေပါစေကွာ"

စားသောက်ပြီး မဟာလည်းအိမ်ထဲမှ ထွက်လာတော့ကြီး​မေက မူကြိုကလေးလေး ကျောင်းသွားခါနီး မှာနေသလို မှာတမ်းခြွေလို့ မပြီးနိုင်မစီးနိုင်ဖြစ် ​နေလေသည်။

"မဟာလေး ဒီနေ့ မိုးကြီးမယ်တဲ့နော် မိုး/ဇလ ကသတိပေးထားတယ် ထီးယူသွား အင်္ကျီအပိုလေးရော ယူသွား"

ပြောလို့ပြောတာမဟုတ်ဘူး မဟာလေးက သူ့အဖေနဲ့ဘယ်နေရာမှမတူ အသားဖြူတာလေးကအစ သူ့အမေနဲ့တူသည် မျက်တောင်ကော့ကော့စိပ်စိပ်လေးတွေ မျက်ဝန်းကြည်ကြည်လေးတွေ အကြောစိမ်းလေးတွေ သန်းနေသည့် ပါးပြင်လေးတွေ မိန်းခလေးတွေထက်တောင််လှနေသေးသည်။ ပန်းပုပညာရှင်တယောက်က စိတ်လိုလက်ရ ပုံထုထားသည့်နှယ်။

"ကြီးမေ ပေးလေ ထီး"

"ဪ အေးအေး ဂရုစိုက်နော်"

ထီးကိုင်ထားတဲ့လက်ကလေးတွေကအစ အစိတ်အပိုင်းတခုစီကအပြစ်ပြောစရာမရှိ လှသည်လို့မသုံးချင်ပေမဲ့ တကယ်ကိုလှနေတာပါ။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now