Unicode"အာ့ ကျွတ်....ကျွတ်.."
အဏ္ဏဝါ ညက အချိန်မတော်ကြီး ရန်ကုန် ကနေ တောင်ကြီးကို ထပြေးလာရသည်။အဏ္ဏဝါက Tourist Guide မို့ company ကတာဝန်ပေးလျင် ချက်ချင်းပြင်ရသည်။
တော်သေးတာပေါ့ Flight ကအဆင်ပြေလို့မဟုတ်ရင် ကားမောင်းပြီးသာလာရလို့ကတော့ သေမှာ ...ခုတောင်ခါးအောက်ပိုင်းနဲ့ခြေထောက်တွေ နာကျင်နေတာ
ညကအချိန်မတော်ကြီး ရောက်ပေမဲ့ Hotel Service ကအတော်ကောင်းသည်။ကိုယ်က ပုံမှန် customer ဖြစ်လို့ထင်သည် အစားအသောက်ကအစ အားလုံးအဆင်ပြေသည် ။ထို့ကြောင့်လည်း အဏ္ဏဝါ တောင်ကြီးလာရင် Yadanar Hotelမှာပဲတည်း ဖြစ်သည်။
ညက sommelier လေးလာပေးတဲ့ဝိုင်အရှိန်နဲ့ရော ပင်ပန်းတာရော ပေါင်းပြီးအိပ်ပစ်လိုက်တာ ဘာဆိုဘာမှမသိတော့ပါ။ကိုယ်ကအစထဲကမှ ဆင်နင်းရင်တောင်နိုးတာမဟုတ်။
"အင့်"
ဟင် ဘာကြီးလဲ ညကအဏ္ဏဝါ အိပ်တော့တယောက်ထဲပါ ခုကဘယ်ကလူလဲ ???
"အား.... အမေရေ သားလေးအဏ္ဏဝါ ဒုက္ခရောက်ပြီအမေရဲ့"
ထွဋ်လည်း ဘေးကဆူဆူညံညံအသံကြောင့် မျက်လုံးဖွင့်ကြည့်မိတော့ ကိုယ့်ကိုပြူးကြည့်နေသော ပုပုလုံးလုံးကောင်လေးတယောက် အော်ဟစ်ငိုယိုနေတာများသူ့ကိုယ်သူ ၅နှစ်သားလို့ထင်နေသည့်ပုံ။
"ခင်ဗျား....ဘာလဲ ဘယ်သူလဲ ဘာလို့ကျနော့အခန်းထဲရောက်နေတာလဲ လာကြပါဦး ဗျို...."
"ဟင် မင်း...မင်း ဘယ်သူလဲ"
မေးကာမှမေးခွန်းပြန်ထုတ်နေပြန်သည် ဒီလူ သေချာကြည့်လိုက်တော့ အဝတ်က ဗလာ ကြွက်သားကြီးတွေနဲ့ စိတ်ပျက်စရာခန္ဓာကိုယ်ကြီး... ကိုယ်လည်း စောင်ကိုလှန်ကြည့်လိုက်တော့
"အီးး....ဟီးး....ဟီး ယန္တရာရေ မင်းရဲ့မေတ္တာပို့မှုကြောင့် ငါအချဲ့ခံလိုက်ရပြီထင့်"
"မင်း...မင်းးးဘာတေပြောနေတာလဲ ဘာကိုအချဲ့ခံရတာလဲ"
ထိုလူကမသိသလိုလာလုပ်နေတော့ ဒေါသကလည်းထွက် အရမ်းလည်းဝမ်းနည်းသွားမိသည်။
"အီးး....ဟီးးးး....ဟီးးးးးးး....ဟီးးးး ငါ့ဘဝကြီးတော့သွားပါပြီ ငါ့ရဲ့first timeလေးက ဘာမှမသိလိုက်ရပဲနဲ့ပြီးသွားပြီ...အမေရေ...အမေ့သားလေး လူပျိုရည်တော့ပျက်ပါပြီ"