ST-6

2.5K 146 8
                                    

Unicode

မဟာ အိမ်ပြန်ရောက်တော့ နှင်းဆီနီနီတွေကို ငေးကြည့်နေတဲ့ ဒယ်ဒီကိုတွေ့ရသည်။ဒီမြင်ကွင်းက မဟာ မြင်နေကျပေမဲ့ ဒီတိုင်းရပ်ကြည့်နေမိသည်။ ဒယ်ဒိခုထိခံစားရတုန်းပဲလား ။ကျနော် ဘာလုပ်ပေးရမလဲ ဒယ်ဒီ။ထိုစဥ် အပြင်ကပြန်လာတဲ့ ကြီးမေနှင့်ဆုံလေသည်။

"သား ပြန်လာတာစော သားပဲ"

"ဟုတ် ကြီးမေ"

ကြီးမေနဲ့အတူအိမ်ထဲဝင်ရင်း ကျောင်းမှာဖြစ်ပျက်သမျှကို ပြောပြရင်း ရယ်မောမိကြသည်။

"ကြီးမေ ဒယ်ဒီကနှင်းဆီကြိုက်တာလား"

"အဲ့ဒါတော့မသိဘူးသားရဲ့ သားမာမီကတော့ နှင်းဆီကိုတအားကြိုက်တာ သူ့အိပ်ခန်းထဲမှာ နှင်းဆီနီနီကဘယ်တော့မှမညှိုးဘူးတဲ့"

ဪ ဒယ်ဒီက အချစ်ကြီးလိုက်တာ မာမီထားသွားခဲ့တာတောင် ခုထိနှင်းဆီတွေစိုက်ပြီး စောင့်နေတုန်းပေါ့။

"သား နားတော့လေ ကြီးမေ သားဒယ်ဒီကို နွားနို့တိုက်လိုက်ဦးမယ်"

"ကြီးမေ ဒယ်ဒီက ခြံထဲမှာနော်"

"ဟင် ခုထိလား"

"ဘာကိုလဲ ကြီးမေ"

"နားတော့ သား ဘာမှမဟုတ်ဘူး"

ဒီကောင်လေးနဲ့ တော့ခက်ပါတယ်။ မဟာလေး ကျောင်းသွားထဲက ခြံထဲမှာနေနေတာ ခုနေ့လယ်ရောက်လို့ မဟာလေးတောင်ပြန်လာပြီလေ ။

! ဟင်း...... !
-
-

သားတောင် အရွယ်ရောက်လာပြီ မင်းသတင်းကခုထိ မရသေးဘူး။ မင်းငါတို့သားအဖကို ဘယ်ချိန်ထိ ပစ်ထားဦးမှာလည်းကွာ....။

"ရတနာထိုက်စံ ရတနာထိုက်စံ မင်းအတော်အတ္တကြီးတဲ့ အမျိုးသမီးပဲ"

*အတိတ်ရော ပစ္စုပ္ပန်ရော နောင်အနာဂါတ်မှာပါ ကျနော်မုန်းမိတာက မ တယောက်ထဲကိုပါ *

"မောင်လေး ဝင်တော့လေ အပြင်ကလေစိမ်းတွေ တိုက်တယ်"

"အင်း"

တချို့အတိတ်တွေကို သူသတိမရချင်ပေမဲ့ မ နဲ့ပတ်သက်တဲ့အရာတွေကိုတော့ သူလုံးဝ မမေ့ခဲ့ပါ ။မမေ့နိုင်လို့မဟုတ်ပဲ တမင်ကိုမမေ့ပစ်ခဲ့တာပါ ။အဲလောက်ထိ မ အပေါ်ကို...။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now