ST-24

1.2K 77 8
                                    

Unicode

ဒီနေ့ မှိုင်း ပန်းချီပြခန်းသို့သွားရင်း လမ်းကြောသင့်၍ ပုံ ဆီဝင်ခဲ့သည်။ မတွေ့ရတာကြာပြီမို့ စကားစမြည်ပြောချင်သည်။

ဒီကောင်မလေးက ခုဆို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးရုံအုပ်တောင်ဖြစ်နေပေသည်။ မိဘက ပိုက်ဆံချမ်းသာ၍ ကိုယ်ပိုင်ဆေးရုံ ထောင်နိုင်သည် ဆိုစေဦးတော့ ခုလောက်ထိ မတိုးတက်တန်ရာ။ ခုဆို ဘာရောဂါဖြစ်ဖြစ် တခြားနိုင်ငံထိတောင် သွားကုစရာမလို။ ပုံ တို့ဆေးရုံ မှာ ခေတ်မှီ စက်ကရိယာ မျိုးစုံနှင့် ထက်မြက်သော ပါရဂူကြီးများ ရှိသည်မို့ အလွယ်တကူ မြန်မာနိုင်ငံမှာပဲ ကုနိုင်သည်။ လူတန်းစားမရွေး ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တဲ့ ဆေးရုံကြီးတစ်ခုပါ။

မှိုင်း ဆေးရုံမျက်နှာစာရှိ ဆိုင်းဘုတ်အကြီးကြီးကို ငေးနေမိသည်။ အနက်ရောင် ဘေဘုတ်ပေါ်မှာ ငွေမှင်ရောင်စာလုံးတို့က ခမ်းနားစွာ ရေးထိုးထားသည်က Silver Hospital ဟူသောအမည်နာမ်မ။ ငါးထပ်ဆောင် အဆောက်အဦနှစ်လုံး ၏အလယ်တွင်ထည်ဝါစွာ ရှိနေသော ပင်မလေးထပ်ဆောင်ကြီးက တည်ရှိနေသည်။ ပတ်ဝန်းကျင်တွင်လည်း လူနာများနှင့်မိသားစုဝင်များနားနေရန် နေရာများ၊ ရေကန်ပတ်ပတ်လည်တွင် ပန်းခြံသဖွယ်ပြုလုပ်ထားသော လှပသည့်ရှုခင်းများ ၊ ကျန်းမာရေးနှင် ညီညွတ်သော စျေးဆိုင်ခန်းများ က သူ့နေရာနှင့်သူ သန့်ရှင်းစွာ တည်ရှိနေသည်။မှိုင်းလည်း ပတ်ဝန်းကျင်မှ အရာများကို မျက်ကွယ်ပြုကာ ဘေးဘက် ဘုတ်တွင်ရေးသားထားသောစာကို ဖတ်ကြည့်မိ၏။

"လူသားများ၏ နေ့စဥ်ဘဝ ကျန်းမာရွှင်လန်းစေရန် Silver Hospital မှတာဝန်ယူပါသည်။ ယုံကြည်စိတ်ချစွာဖြင့် သက်ရှည်ကျန်းမာမှုကို လက်ခံယူပါ။"

မှိုင်းလည်း ပတ်ဝန်းကျင်ကို ဝေ့ဝဲ ကြည့်ကာ Reception ဆီသို့ ခပ်သွက်သွက်သွားလိုက်သည်။ Reception မှ တာဝန်ကျတဲ့ Nurse လေး တစ်ယောက်က မှိုင်းကို ချိုသာ ယဥ်ကျေးစွာ နှုတ်ဆက်လာသည်။

"ဘာများ ကူညီပေးရမလဲရှင့်"

"ဒေါက်တာပုံပန်းချီနဲ့ တွေ့ချင်လို့ပါ"

"ခဏစောင့်ပါရှင့် အကြောင်းကြားပေးပါ့မယ်"

Nurse မလေး က တဖက်ကိုph ပြောပြီးသည်နှင့် မှိုင်းကို အဆင်ပြေကြောင်း ခေါင်းငြိမ့်ပြလေသည်။

"မျှော်လင့်မထားခဲ့သော" [ Completed ]Where stories live. Discover now